3.13.2011

ကြေငြာချက်

ကဗျာများအား www.fepb.asia  ( Friday Endings Poetry Beach ) တွင် ပြောင်းလဲ ရေးသားနေပါကြောင်း ၊၊

10.21.2010

ဖွတ်

ဖွတ်လောက်တော့  ဖွတ်တိုင်းဖွတ်နိုင်ကြပါတယ်၊
ဖွတ်သတ္တဝါ ၊ ဖွတ်ကျား ၊ ဖွတ်စအိုနာ ၊ ဖွတ်ချေးမြေ ၊
ဖွတ်ဥကျည် ၊ ဖွတ်သိုနာ ၊ ဖွတ်မြီးထိုး ၊ ဖွတ်ဖွတ်ကြေ ၊
နေမြဲလည်း ဖွတ်ပဲ ၊ ဇာတိ ၊ ပန်းချီ ၊ ဇောင်းလူ ၊ ရင်ခွင်ရှိန်း
ဒီငတိတွေလည်း ဖွတ်ပဲ ၊ အပေါ်မှာပါတဲ့  ဖွတ်တွေထဲက တစ်ဖွတ်ပဲ ၊
လူကုံထံ ၊ လူကြုံပါး ၊ လူခြေတိတ် ၊ လူစေ့တက်စေ့ ၊ လူစဉ်မီ ၊ လူစိမ်းလူရွမ်း ၊
လူစွမ်းကောင်း ၊ လူစွမ်းလူစ ၊ လူဆိုးလူသွမ်း ၊ လူညွန့် တုံး ၊ လူတန်းစေ့  ၊ လူနံ့ ၊
လူပါးလူနပ် ၊ လူပေါသော ၊ လူပေါက်သောက် ၊ လူပေါင်းဆံ့ ၊ လူပျက် ၊ လူပြက် ၊
လူပြန်တော် ၊ လူပြိန်း ၊ လူဖလံ ၊ လူတော် ၊ လူမမည် ၊ လူယောင်ပြ ၊ လူရတက် ၊
လူရည်ချွန် ၊ လူရည်လူသွေး ၊ လူရည်လည် ၊ လူရိပ်လူရောင် ၊ လူရှုပ်လူပွေ ၊ လူလည်လုပ် ၊
လူဝါးဝ ၊ လူဝံ ၊ လူအဝုန့်  ၊ လူကန့် လန့် ၊ လူဂွစာ
တွေထက် ဖွတ်နိုင်တဲ့  ဖွတ် ၊ လက်နှိတ်ဓာတ်မီးထိုးပြရုံနဲ့  ငုတ်တုတ်မေ့ နိုင်တဲ့ ဖွတ်ပဲ ၊
တောင်ပို့ မှန်း သိအောင် စေတနာ ဗရပွ နဲ့  ဗရုတ်သုတ်ခ ထွက်ပြတဲ့ ဖွတ်ပဲ ၊ အင်္ဂလိပ်ကြက်ဖ
ဘိုကြက်ဖထက် ငြိတဲ့  ဖွတ်ပဲ ၊ ပုဆိုးကြမ်းဆို အမဲဝမ်းတွင်းသားလောက်ပဲ သိတဲ့ ဖွတ်ပဲ ၊
စတော်ဘယ်ရီနဲ့  နွားနို့ ဆိုတာ ကျောထောက်နောက်ခံကောင်းမှ စိတ်ချလက်ချ မွှေလို့ ရတဲ့ 
ကစားစရာတစ်မျိုးမှန်းသိတဲ့  ဖွတ်ပဲ ၊ ဖွတ်တက်မွဲတွေ ရန် ဝိုင်းဝန်းဘေးတီးဆိုပြီး ပေါ်ပေါက်လာတဲ့ 
ဖွတ်ပဲ ၊ ဖွတ်မိကျောင်းဖြစ် မြစ်မချမ်းသာမယ့် ဖွတ်ပဲ ၊ ဖွတ်တွေရဲ့  ဘဝပေးဟာလုံးဝမကောင်းခဲ့ရှာဘူး ၊
သူတို့ ဟာ ဘလိုင်းကြီးကို မျက်နှာမွဲ ဖြစ်ရတယ် ၊ ရှေးစာဆို ဘဘကြီးတစ်ပွေဟာ ဖွတ်ကို မျက်နှာမွဲ နဲ့ 
နှိုင်းခဲ့ တော့  သူတို့ ဘဝပေးဟာ ငမွဲဖြစ်သွားရရှာတာ ၊ အသံထွက်ကိုတောင် ညစ်ညမ်းတယ်ပြောလိမ့်မယ်၊
ခင်ဗျားကို....ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ်
အိုဘာတဲ့ .......ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ် အဲဒါလည်း ဖွတ်ပဲ ၊
ဖွတ်ကို ဖွတာလေးကိုတော့ သဘောကျတယ် ဖွတ်ပဲ ၊ ဒီနေရာနဲ့ ဆုံးတာကိုတော့ မကြိုက်ဘူး ဖွတ်ပဲ ၊
ဘုရားမှတ်လို့  ရှိခိုးကိုးကွယ် ပြောတဲ့ အဒေါ်ကြီးလည်း ဖွတ်ပဲ ၊ ဖွတ်လောက်တောင် အသုံးမကျတဲ့ 
ဖွတ်စကားပုံလည်း ဖွတ်ပဲ ၊ ယူချင်တာယူ ကျွန်မဘဝကိုတော့ မယူပါနဲ့ ဆိုတဲ့  ဒိုင်ယာလော့ခ်လည်း ဖွတ်ပဲ ၊
ပုတက်ရှေ့ မှာ ကန့် လန့် ကန့် လန့် ကန့် လန့် ကန့် လန့် ကန့် လန့်  ပါတဲ့  ဖွတ်ပဲ ၊
ဆက်ရေးလိုက်ရင် အနက်မရှိတဲ့  ဆီသွားမယ့် ဒီကဗျာကို
ခင်ဗျားလည်း ကမ္ဘာပတ်စရာမလို ကဗျာဖတ်နေတဲ့  ဖွတ်ပဲ ။           ။


အညွှန်း - http://www.ayinepan.com/literature/spelling 

              ကဗျာဆရာ ရင်ခွင်ရှိန်း

10.18.2010

ကမ္ဘာကြီးက သောကြာထောင့်မှာ ပိုလည်တယ်


ပြုမူချက် ၊ ပြုလုပ်ချက် ၊ ပြန်မပြင်နိုင်တဲ့ ဝင်ရိုးမှာ
အမှန် ၊ အမှား နှစ်ခုလုံး လည်ပတ်လျက်
မောင်ဘ သည် ကြောင်အိမ်ထဲမှ ငါးကို နှိုက်စားသည်။
အညစ်အကြေးများ ၊ အညစ်အနှစ်များ ၊ အဟောင်းအညစ်များ ၊
ခွေးနှစ်ကောင် ကိုက်တဲ့  ပွဲမှာ လူတွေရှုံးသွားတဲ့  ဘဝပေးပဲ
အာ့ ပြောတာ ၊ ကျမ်း ကျမ်း ၊ အာ့ ဘုပြောဒါလဲ ၊
ငါ့ခေါင်းထဲ ကျီးကန်းတစ်ကောင် ကျန်နေသေးတယ် ၊
တောင် ပြာ တန်း က မောင့် အ ချစ် ကို...ဟို...ဟို...ဝို...ဝို...ဝို..
ဝို..:::::::
ကျွန်တော် နောက်ဆုံးထိ ဖမ်းကြည့်ကာ
ဟိုထိပြန်သွားပြီးရင် password မလိုဘူးဟု ပြောရန် ၊
တစ်ယောက်တည်းရှိနေမှာကို ကြောက်ကြောက်တတ်လာတယ် ၊
လူသားဖြစ်တည်မှုမှာ အကြောက်တရားရှိသင့်တယ်လေ ၊
ပြောရရင်တော့ ကိုယ့်ပေါင်ကိုယ် အကြီးကြီးလှန်ထောင်းမိတာပါပဲ
စ မုံ ပဲ ၊ စ မုံ တွေ တော့ တုံး ကုန် ပါ ပြီ ကြီး တော် ရေ.........
lesbian တစ်ယောက်မှာ လင်ယူသားမွေးခွင့်
အပြည့်အဝမရှိသင့်ဘူးလား ၊ ဘဝပေးပဲ ၊
တင့်တောင့်တင့်တယ် ထွက်ရတဲ့ ဒေါသများ ၊ချစ်ပါစ၊ခင်ပါစ၊ကြင်နာပါစ ၊
ဒီဗျစ်ရည်တွေက မူးယစ်ရီဝေ ၊ အမှန်အမှား ၊
အကြောက်တရား ၊ ဘာကိုမှကောက်ချက်ချလို့ မရနိုင်တဲ့...မူးယစ်ရီဝေ....
ဒီကဗျာဟာ သေးပေါက်ခြင်းဖြစ်စဉ် ဆိုပါစို့ 
တွန့်  က နဲ.........အား...........ဖီးလ်..........
သိမှုက တွန့် မိတာမျိုးမဟုတ်ပဲ ကြိုးစားရှောင်တိမ်းထားတဲ့
တွန့် မှုကို သိမိနေတာမျိုး မျှော်လင့်မိတာပါပဲ ။
မင်းဇယားက ရွဲပြဲနေပါပြီသားရာ....
ဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟား
ရိုရိုသေသေသုံးရင် သုံးလေးနှစ်လောက်တော့ ခံပါသေးတယ်ကွာ ၊
ဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟား
ကျွန်တော်အသက်နှစ်ဆယ်ကျော် ကတည်းက
လူသားတွေရဲ့  စိတ်ဓာတ်ပြင်းထန်မှုကို သံသယ ရှိလာတယ် ။
ပြောရရင်တော့ သက်တောင့်သက်သာ ငရဲ ၊
အမေဆိုတာကို တုတ်ထိုးအိုးပေါက်ဆဲပြီး
သက်တာင့်သက်သာ ငရဲတဘုံလောက်တော့ ပိုင်ဆိုင်ချင်သေးတာပါပဲ ။       ။


                                                                                     

10.15.2010

သစ်ရွက်လည်းပွင့်တတ်သော

ဟုတ်ချင်လည်းဟုတ်မယ် ၊ ဟုတ်ချင်မှလည်းဟုတ်မယ်
ဘာကိုမှ အတည်ပြုချက်မပေးသေးဘူး
လွယ်ခဲ့သမျှ လွဲခဲ့ကြပါတယ် ၊ လွယ်ခဲ့သမျှ လွဲလိုက်ကြယုံ ၊
ကြောင်အသေပေါ် ကြွက်အသေ ပြုတ်ကျသလို ၊ ခုန်ချသလို၊ ခုံချသလို
လွဲမှုကိုက ပစ်မှတ်ကို ထိမိလှတဲ့  ကိန်းသေ၊
ဒီရပ်ကွက်လည်းသေနေဆဲ ၊ မြို့ ဟောင်းကြီးကို ထပ်မချဲ့ ကြပါနဲ့ 
မြို့ ဟောင်းကြီးခမျာမှာ ဘေးကြပ်နံကြပ် ၊
နံပြီး ကြပ်တဲ့  ဘတ်စ်ကားကြီးလို ကျုပ်တို့ မြို့ ဟောင်း၊
မြို့ ဟောင်းကြီး သွေးသစ်လောင်းလိုက်တော့ ၊ သင်္ချိုင်းကုန်းကြီး မြို့ လည်ကောင်ရောက်သပေါ့၊
စစ်စတီနိုင်းလည်း စစ်စတီ မနိုင်းနိုင်ရှာတော့ ၊ မီးပျက်တယ်ကွဲ့ ၊ ရေမလာဘူး
ဒီတော့ နံတာပေါ့ ၊ ဘေးကြပ်နံကြပ်
ခိုငြီးသံကလည်း သူမ ကြောက်တဲ့  vibration ပဲ ၊
vibration ကလည်း ခိုကြောက်တဲ့  သူမ ငြီးသံပဲ ၊
လက်ညှိုးလေးကွေးလိုက်ရင် ဘာဖြစ်သွားမယ်ထင်လဲ ၊
ကျန်တဲ့ လေးချောင်း ဖြောင့်သေးတာပေါ့ကွယ် ၊ ဒါများ တယုတယင် ၊တရေးတယူ ၊တယုတယ ၊
ကျုပ်ပြောနေတာတွေလည်း မရေရာဘူး၊ ကြောင်းရေကိုက်ကဗျာ ၊
၂၃ ၊ ၂၄ ၊ ၂၅ ၊ ၂၆ ၊ ၂၇ ၊ ၂၈ ၊ ၂၉ ၊ ၃၀ ၊ ၃၁ ..၊
ကျုပ်ပြာခွက်ထဲ အစီခံတွေ ပြည့်နေပြီ ၊ သွန်မနေနဲ့ တော့ ၊ သေရင် ဘယ်မှာမြှုပ်မှာလည်း သိစမ်းချင်လွန်းလို့  ၊
ခုဆို ဟုတ်ချင်လည်းဟုတ်မယ်ကနေ သေရင် ဘယ်မှာမြှုပ်မှာလည်း သိစမ်းချင်လွန်းလို့  အထိ ဘယ်နှကြောင်းရှိပြီလဲ
ရေပြီးရင်လည်း ဒီတစ်ပုဒ်လုံးက စာကြောင်းတွေ သေလို့ ကို မဝနိုင်တော့ဘူး ။ ။

အမှာစာ၊အမှာစား၊အမှားစာ

အခန်းထဲ တစ်ယောက်ထဲနေရင်းက နှစ်ယောက်ဖြစ်လာ။
ကြာတော့လည်းမေ့မှာပါ...မူးမှမေ့မှာ...အသက်ပျောက်မှ အသောက်ပျက်မှာပေါ့
!_! :( :( :( SOAB... ............ကျွန်တော်ဂျင်းထည့်ခံလိုက်ရပါတယ်၊
ကျွန်တော် ဘွတ်စမန် သိပ်ခံလိုက်ရပါတယ်၊
အတ္တဟာ ဘဝင်မြင့်မှုကို သာယာတတ်ပေမယ့် မာနကို မုန်းတယ်မေမေ။ YYSSW
ဝိဥာဉ်ဟာ ကိန်းသေတစ်ခုရဲ့ ဖြစ်တည်မှုထိ ထိုးမဆင်းရဲသေးဘူး၊
သရ၊ ဗျည်း ၊ အုအီအုအားအား သည် မန်ကျည်းဖျော်ရည်ကြော်ငြာသာဖြစ်ကြောင်း
ဘာမှလည်းမသရကြောင်း ဘာမှလည်း မဗျည်းကြောင်း၊
ပြူးတူးပြဲတဲ၊ဗျူးတူးဗြဲတဲ၊ ဗျည်း.......ဗျူး.....ဗြဲ.....
ဗြွတ်........BUBU.......FU.....SOAB.......
ဒီမှာပြည့်စုံ...ချမ်းသာလိုက်တာတဲ့လားဗျာ...ကျုပ်အတွင်းပိုင်းပုတ်အဲ့လှိုက်စားနေပြီ....FFS....XOXOXO
ရိရွဲချွဲပျစ်ပျစ် ဂျီနိုဆိုက်တွေ လေးအိပျစ်တွဲပြိုကျ၊
မိုးရေကို လက်နဲ့  အသပ်မှာ ဘဝနာသွားပုံရတယ်။
တစ်ခုတော့ရှိတယ် တစ်ယောက်တစ်ဝက်စား၊ ဝက်သားတုံးကြီးလက်သီးဆုတ်သဏ္ဍာန်
လက်သီးဆုတ်ကြီး ဝက်သားတုံးသဏ္ဍာန်၊စာကလေးကြော်များ၊ဆီထမင်းများ၊နားယဉ်ကျေးမှုများ
နားရှိလို့ သာယုံ ၊ ကြားလို့ ယုံတာမဟုတ်၊
အဆင့်မြင့်ယုံကြည်သက်ဝင်မှုများ၊ ချက်တော်ကိုလက်တော်နှင့်ဝိုင်း၍
ပရီးမီးယားလိဂ် အင်တာတိတ်မန့် ဖြစ်မဖြစ် မော်ရင်ညို အင်တာတိတ်မန့် ဖြစ်မဖြစ်၊
ထုံးရည်ကြည်ဖြင့် အပျိုရည်ပြုလုပ်နည်း၊ software ကတော့ update ပဲ ကိုရင်ရေ....
လွှတ်သဗျိုး......ဟောတစ်ယောက်..ဟောတစ်ယောက်.....
သေချာလား.............
ကျုပ်တို့ ဘဝမှာ ဝင်စို့ ထွက်စို့ ခဏခဏရလား..
သေချာပြီလား....၊
အဲ....ငါပြောတာ ဘယ်ရောက်သွားပါလိမ့်၊
အမေ..ကျွန်တော်ကျောင်းဘာလို့ နေရတာလဲ???????????????
ဟဲ့ ခွေးမဖြစ်အောင်ပေါ့၊.......ခွပ်......
SUX........ပြွတ်.........ပြွတ်......ပြွတ်......
ဘယ်မှာလုပ်တယ်ဆိုတာထက် ဘာလို့ လုပ်တယ်ဆိုတာထက်
ဘယ်လိုလုပ်တယ်ဆိုတာ စိတ်ဝင်စားကြပါ။
အမေ မနေရတော့ဘူးသား...............(.....)
.................................................(ဂလုနဲ့  ခပ်ဆင်ဆင်တူသော တံတွေးမြိုချသံ)
.................................................(ကျွန်တော်ရေးမပြတတ်တဲ့  မျက်ရည်ကျသံ)
(ဇာတ်ဝင်ခန်း)(ဇာတ်ထွက်ခန်း)(ဇာတ်နာခန်း)
ကျုပ်ဘဝမှာ အရေးတကြီးလိုအပ်နေတာက သီတင်းခဏခဏကျွတ်တတ်ဖို့ နဲ့
ခဏခဏသေပြတတ်ဖို့ ၊ မာန်နတ်ဟာ ရုပ်ဖြောင့်မဖြောင့်၊
သူ့ ကို iPhone ပေးပြီး လက်နဲ့ ရွေ့ ခိုင်း၊ ကိုယ်ကလည်း လက်ကိုရွေ့ ၊
လျစ်လျူပြုမှုဟာ iPhone နဲ့  တိုက်ရိုက်အချိုးကျကြောင်း
ရှာဖွေတွေ့ရှိ..............:):):):):).........
..........( ငါး ခေါက် တိ တိ ပြုံး )

10.06.2010

ကောက်ချက်တော့ မချရသေးဘူး

ကဲ..စကြည့်တာပေါ့၊ ဥမမယ် စာမမြောက် ကိစ္စအချို့ 
အမှားတရံစာ အမှန်တရားများ၊ ငါဆိုတဲ့  သတ္တဝါကို(၁၇)ခောက်ပြန်ရေးမယ်
ဘယ်နေရာမှာမှ ဖြတ်တောက်လို့ မရ၊ဘယ်လိုမှ အဓိပ္ပာယ်မထွက်စေရ
အမှာာာာာာာာာာာာာာာာာာစာ ကနေ အမှာာာာာာာာာာာာာာာာာာာားစာ အထိရွေ့ မှု
အခန့် သားအချိုမှုန့် များ
အချစ်ဆိုသည်မှာ၊အမုန်းဆိုသည်မှာ၊ပြုလုပ်ချက်ဆိုသည်မှာ၊
အီနားရှားဆိုသည်မှာ၊ဘာသာဗေဒဆိုသည်မှာ၊
ဘာကိုမှ ထည့်ပြောလို့ မရသေးဘူး၊ ရွေ့ လျား....
သက်မှတ်ချက်များ တနေကုန်မုန်းတယ်
ငါသည်မြတ်သောအကျင့်ကို ကျင့်၍ နေရာအနှံ့ (နှိုက်)နေသည်၊ ဂျွတ်စ် ပဲ။
သူနော်..လျှောက်ပြော၊ သွားးးးးးးးးးးးးးး
ဒီလူတော့ မုန့် စားပြီး ဂဂျောင်ဖတ်နေတာ၊ ကပ္ပလီနဲ့ ပါဘုရား
အတ္တကို ဗဟိုထား၍ ရေးသားသောစာများ၊ တခါတလေရယ်ရတယ်
L တခါတည်းပါကွယ် Vလှည်းသားငါးရာနဲ့ ၊
ARMADILLO....သင်းခွေချပ်ကဲ့သို့  အကြေးခွံမာများဖြင့်
ဖုံးလျက်ရှိပြီး အန္တရာယ်ရှိက ခွေလုံးနေတတ်သော သတ္တဝါ၊အမာဒီလို
လူသုံးကုန်ပစ္စည်းရောင်းဝယ်ရေး၊ (လူ)(ကုန်)(ပစ္စည်း)ရောင်းဝယ်ရေး
မီးလည်းမဆော့နဲ့  -ီးလည်းမဆော့နဲ့ ၊ မီးဆော့ရင်လောင်တယ်၊
-ီးဆော့ရင်၊ တောင်တစ်လုံးမြောက်တစ်လုံးမပြောနဲ့ 
လူယောက်ျား၊အမြီး၊နေရာမှား ပေါက်ရောက်မှု၊
နေရာတိုင်းတည်မြဲပါ၏လော့၊ နေလည်းမနေရ၊မြဲလည်းမမြဲရ၊
အဓိပ္ပာယ်ထုတ်ဖော်စေမှုအတွက် ငါ့နာမည်ပေါက် မလျှောက်ရ
ပွဲစားခလေး မ ပါ စ ပါ ၊ ပွဲစား ခလေး မပါ စပါ။ ။

10.04.2010

မိုးတိမ်ဟာ သစ်သီးလို မီးလို

ဒီရာသီရဲ့ ဓာတ်စာက စကားလုံးနဲ့ တင် တန်အောင်ပြုံးတတ်ဖို့ ပါပဲ။
လိုလိုလားလား အပျက်ခံခဲ့တဲ့  ပါရီရဲ့  အပျိုရည်...
ကျွန်တော်လောလောဆယ် အယုံအကြည်မဲ့ နေတဲ့  အနက်အဓိပ္ပာယ်ရဲ့ ဘာသာဘာဝ
တံငါနားနီး တံငါ မုဆိုးနားနီး မုဆိုး
မုဆိုးလသာ တံငါလမိုက် ၊ ဒါပေမယ့်
အတည်ပေါက်ကြီးပြောပါရစေဗျာ
ဆပ်ပြာကောင်းလို့  ခေါင်းပေါင်းဖြူတဲ့
ပုဆိုးတန်းတင် ကိစ္စတွေ...
သူမဟာ တစ်လတစ်ခါ ၁၄ရက်နေ့  တိုင်းပန်းမှန်မှန်ပွင့်သတဲ့လေ။
ဒီမှာ....ရီရာ...မင်းက ကိုင်းဆက်ခံထားရတဲ့ ပင်စည်ပဲ...
မင်းရဲ့ စောက်သုံးမကျတဲ့ အပြုံးက မာကျူရီနဲ့  ပွင့်တဲ့  ကုမုဒြာအတုကြီးပဲ..
စိတ်မကောင်းဘူးကွဲ့ ။ ပြောရင်းနဲ့ လိင်ကိစ္စဘက် ရွေ့ ရွေ့ သွားတော့။
* တရားနဲ့ တောင်
ဖြေလို့ မရခဲ့ဘူး....။
ငါ့ကို ...
ငရဲအကြီးကြီး ချပစ်ပါကွယ်။ *

ခင်ဗျားပိုက်ဆံတွေ မရှိတော့ဘူး
ကျုပ်
မုန့် ဝယ်စားလိုက်တာ
ဇီးထုတ်တို့
တုတ်ထိုးတို့ 
အမုန်း..အမုန်း....။
အဲသည် နှိတ်စိ လေးကိုပဲ ဖိဖိချချင်..........။
ကမ္ဘာပြားကြီးပေါ်က အရာရာ ဘယ်အရာမှ စိတ်ကြီးဝင်စရာမကောင်း
စောက်ရေးမပါ စောက်ရာမပေးပေါ့။
ခင်ဗျားတို့  အထင်ရှိလှတဲ့ ပါရီကောင်းကင်ဆိုတာလည်း
အီဖယ်သွားကြားထိုးတံကြီးနဲ့ ထိုးထိုးချခံနေရတဲ့
ပုတ်စော်နံနေတဲ့ ပါးစပ်ပျက်ကြီးပဲ။
လက်ခုပ်တီးပြီးရင် ထပါကတတ်တဲ့ အကျင့်ကလည်း
ဒီသီချင်းပြီးကတည်းက ရတာပါပဲ.....။ ။



*.......* = ဇာတိ ရဲ့  ကဗျာသူအတွက် ကဗျာသားသေဆုံးခြင်း မှ ဖောက်စားပါတယ်။