10.21.2010

ဖွတ်

ဖွတ်လောက်တော့  ဖွတ်တိုင်းဖွတ်နိုင်ကြပါတယ်၊
ဖွတ်သတ္တဝါ ၊ ဖွတ်ကျား ၊ ဖွတ်စအိုနာ ၊ ဖွတ်ချေးမြေ ၊
ဖွတ်ဥကျည် ၊ ဖွတ်သိုနာ ၊ ဖွတ်မြီးထိုး ၊ ဖွတ်ဖွတ်ကြေ ၊
နေမြဲလည်း ဖွတ်ပဲ ၊ ဇာတိ ၊ ပန်းချီ ၊ ဇောင်းလူ ၊ ရင်ခွင်ရှိန်း
ဒီငတိတွေလည်း ဖွတ်ပဲ ၊ အပေါ်မှာပါတဲ့  ဖွတ်တွေထဲက တစ်ဖွတ်ပဲ ၊
လူကုံထံ ၊ လူကြုံပါး ၊ လူခြေတိတ် ၊ လူစေ့တက်စေ့ ၊ လူစဉ်မီ ၊ လူစိမ်းလူရွမ်း ၊
လူစွမ်းကောင်း ၊ လူစွမ်းလူစ ၊ လူဆိုးလူသွမ်း ၊ လူညွန့် တုံး ၊ လူတန်းစေ့  ၊ လူနံ့ ၊
လူပါးလူနပ် ၊ လူပေါသော ၊ လူပေါက်သောက် ၊ လူပေါင်းဆံ့ ၊ လူပျက် ၊ လူပြက် ၊
လူပြန်တော် ၊ လူပြိန်း ၊ လူဖလံ ၊ လူတော် ၊ လူမမည် ၊ လူယောင်ပြ ၊ လူရတက် ၊
လူရည်ချွန် ၊ လူရည်လူသွေး ၊ လူရည်လည် ၊ လူရိပ်လူရောင် ၊ လူရှုပ်လူပွေ ၊ လူလည်လုပ် ၊
လူဝါးဝ ၊ လူဝံ ၊ လူအဝုန့်  ၊ လူကန့် လန့် ၊ လူဂွစာ
တွေထက် ဖွတ်နိုင်တဲ့  ဖွတ် ၊ လက်နှိတ်ဓာတ်မီးထိုးပြရုံနဲ့  ငုတ်တုတ်မေ့ နိုင်တဲ့ ဖွတ်ပဲ ၊
တောင်ပို့ မှန်း သိအောင် စေတနာ ဗရပွ နဲ့  ဗရုတ်သုတ်ခ ထွက်ပြတဲ့ ဖွတ်ပဲ ၊ အင်္ဂလိပ်ကြက်ဖ
ဘိုကြက်ဖထက် ငြိတဲ့  ဖွတ်ပဲ ၊ ပုဆိုးကြမ်းဆို အမဲဝမ်းတွင်းသားလောက်ပဲ သိတဲ့ ဖွတ်ပဲ ၊
စတော်ဘယ်ရီနဲ့  နွားနို့ ဆိုတာ ကျောထောက်နောက်ခံကောင်းမှ စိတ်ချလက်ချ မွှေလို့ ရတဲ့ 
ကစားစရာတစ်မျိုးမှန်းသိတဲ့  ဖွတ်ပဲ ၊ ဖွတ်တက်မွဲတွေ ရန် ဝိုင်းဝန်းဘေးတီးဆိုပြီး ပေါ်ပေါက်လာတဲ့ 
ဖွတ်ပဲ ၊ ဖွတ်မိကျောင်းဖြစ် မြစ်မချမ်းသာမယ့် ဖွတ်ပဲ ၊ ဖွတ်တွေရဲ့  ဘဝပေးဟာလုံးဝမကောင်းခဲ့ရှာဘူး ၊
သူတို့ ဟာ ဘလိုင်းကြီးကို မျက်နှာမွဲ ဖြစ်ရတယ် ၊ ရှေးစာဆို ဘဘကြီးတစ်ပွေဟာ ဖွတ်ကို မျက်နှာမွဲ နဲ့ 
နှိုင်းခဲ့ တော့  သူတို့ ဘဝပေးဟာ ငမွဲဖြစ်သွားရရှာတာ ၊ အသံထွက်ကိုတောင် ညစ်ညမ်းတယ်ပြောလိမ့်မယ်၊
ခင်ဗျားကို....ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ်
အိုဘာတဲ့ .......ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ် ဖွတ် အဲဒါလည်း ဖွတ်ပဲ ၊
ဖွတ်ကို ဖွတာလေးကိုတော့ သဘောကျတယ် ဖွတ်ပဲ ၊ ဒီနေရာနဲ့ ဆုံးတာကိုတော့ မကြိုက်ဘူး ဖွတ်ပဲ ၊
ဘုရားမှတ်လို့  ရှိခိုးကိုးကွယ် ပြောတဲ့ အဒေါ်ကြီးလည်း ဖွတ်ပဲ ၊ ဖွတ်လောက်တောင် အသုံးမကျတဲ့ 
ဖွတ်စကားပုံလည်း ဖွတ်ပဲ ၊ ယူချင်တာယူ ကျွန်မဘဝကိုတော့ မယူပါနဲ့ ဆိုတဲ့  ဒိုင်ယာလော့ခ်လည်း ဖွတ်ပဲ ၊
ပုတက်ရှေ့ မှာ ကန့် လန့် ကန့် လန့် ကန့် လန့် ကန့် လန့် ကန့် လန့်  ပါတဲ့  ဖွတ်ပဲ ၊
ဆက်ရေးလိုက်ရင် အနက်မရှိတဲ့  ဆီသွားမယ့် ဒီကဗျာကို
ခင်ဗျားလည်း ကမ္ဘာပတ်စရာမလို ကဗျာဖတ်နေတဲ့  ဖွတ်ပဲ ။           ။

ဇာတိ ၊ နေမြဲ (၂၀၊၁၀၊၂၀၁၀)

အညွှန်း - http://www.ayinepan.com/literature/spelling 

              ကဗျာဆရာ ရင်ခွင်ရှိန်း

No comments:

Post a Comment