9.25.2010

တစ်ချက်တစ်ချက်...မှပဲလေ

တစ်ချက် တစ်ချက် ရင်ဘတ်ထဲက စူးကနဲအောင့်တယ်
ဒီမိုး ဒီလေ ဒီမြေ ခြိမ်းလို့ ကို မဝနိုင်ဘူး။
ပင့်ကူအိမ်မျှင်ယှက် ဘယ်လိုဖြတ်ရပါ့၊
အရင်းရှင်တွေ အရင်ရှင်းရမယ်ဗျ
အရင်းရှင်.....အရင်ရှင်း....အရင်းရှင်
မစ္ဇျိမပဋိပဋာ ...လောကီဆယ်ရက် လောကုတ္တရာဆယ်ရက်..
တခါတရံ နေရောင်ဟာ အိပ်ချိန်တွေရဲ့  သားချော့တေး
တော်ပြီ..ရီရာ..တော်ပြီ
မင်းရဲ့  ချစ်ပါတယ်ဆိုတဲ့ ပါးစပ်က စောက်သုံးမကျတဲ့  နေရောင်တွေပဲ
မငိုပါနဲ့ ကွယ် တိတ်တော့ မောင့်လွမ်းပိုရေ...
မနက်စောစော မိုးရွာတာလောက် ကျက်သရေတုံးတာမရှိဘူး၊
ကောင်းပြီလေ...မင်းတောင့်တလွန်းလို့  ငါကိုယ်ထင်ပြရတာ ..ပေါ့
ကိုယ်တောင်ထင်အောင်ပြထားမှပဲ..ငါ့လျှာတွေ မင်းယူသုံးလေ..ရီရာ..
ဒွါရို့ ဖီးကြုန်းစက်တာ ဒိမသို့  ဒွါရို့ ခရီးသမ်း ပါတောဒိသို့ ...တဲ့ ။
တရားလိုလို တဘောင်လိုလို ဒီလျှာကပဲ လုပ်ခဲ့တာလေ..
ဒို့ ရွာဘုန်းကြီး စာတတ်ဒို့ မသိ ဒို့ ရွာခရမ်းသီးပေါတာဒို့ သိ..
ခရမ်းလွန်ရောင်ခြည်..ခရမ်းသီး ဝက်သားနဲ့ ချက်စားကောင်း၏..
ကျုပ်ဘကြီးလည်း အစွန်းရောက်ပြီးပြုတ်ကျတာပါပဲဗျာ..(ဟာသ)
ကိလေသာ..........
တဏှာ၊နှစ်ဏှာ၊သုံးဏှာ၊လေးဏှာ၊ငါးဏှာ၊ခြောက်ဏှာ.....
ခဏခဏမကြာမကြာဏှာသောသူများကို ဏှာဗူးဟုခေါ်၏
သို့ ရာတွင် ခေတ်မကောင်း၍ရူးချင်ယောင်ဆောင်ရာမှ နှာဗူးဟုပြောင်းလဲသွားလေသည်။
(ဆိုင်သည်)....................................................(မဆိုင်ပါ)
အသက်ဆယ့်ရှစ်နှစ်ကျော်လျှင် အမဲမက အဖြူပါပေးနိုင်ပါကြောင်း။
ခင်ဗျားဗျာ ..စတီးလက်ကောင်ဝတ်ချင်တာများ..တကူးတက...
မူးရင်ရှူ၊မောရင်သောက်၊ခေါ်ရင်လာ၊သွားရင်ရောက်၊မေးရင်ပြော၊
ပြီးရင်ဆေး၊ရွှေမန်းတောင်လည်းဆေး၊ရွှေမန်းတင်မောင်လည်းဆေး၊

" ရွှေတိဂုံစေတီတော်မြတ် ကုန်းတော်မှအဆင်း
လောကမြေပူကို တန်းနင်းရတာပဲ "
........................................(အောင်ချိမ့်)

" ရွှေတိဂုံစေတီတော်မြတ် ကုန်းတော်မှအဆင်း
သေနတ်နဲ့  တန်းပစ်တာပဲ "
.......................................(နေမြဲ)

အကျီဆိုတာကလည်း လျှော်ပြီးရင် တန်းလှန်းမှပဲလေ။ ။

9.20.2010

ကွက်လပ်ဖြည့်ပါ၊ စသည်စသည်ဖြင့်

ကာရန်ကြောင့် ရင်ဘတ်မှာ ကန်ရာအပြည့်နဲ့ လူသား
အလွမ်းတဲ့လား...တောက်တီးတောက်တဲ့
ကျက်သရေများ တုံးချင်တိုင်းကိုတုံးလို့ 
ဒီအပုံလေးက ၅၀ ဟိုဘက်က ၁၀၀
ပုံတွေပြောပြီး လေဟာနယ်တွေထဲသူခေါ်သွား
အဝါ၊အစိမ်း၊အနီ၊အပြာ၊ခရမ်း၊မဲနယ်၊လိမ္မော်
လိမ္မော်ခမျာ အသီးရော အရောင်ပါ တပြိုင်နက် သေဆုံး၊
ဇာတိရဲ့  နံပါတ်(၁၃)မှာ လေလွင့်လူ သီချင်းရှိမှန်းမသိခင်က ပိုခါးလို့ 
သပွတ်မလေးရေ....ငါ့ခံတပ်ကို သိမ်းပိုက်လှည့်ပါ
ငွေဝယ်ကျွန်တစ်ကောင်ရဲ့  ဝန်ဆောင်မှုမျိုးနဲ့  ပဲဖြစ်ဖြစ်၊
ငါ့ကိုယ်ငါ ချော့ပေါင်းနေရတဲ့ ရက်တွေ
ငါ့ကိုယ်ငါ ကြိုးရှည်ရှည် ပြန်လှန်းနေရတဲ့ နေ့ တွေ
ငါ့မနက်ခင်းရဲ့  ဝတ္တရားက အပျင်းကြောကို ထုံပေပေဆန့် ဖို့ ပဲ၊
မိုးခြိမ်းသံလား၊ဖားအော်သံလား...လိုရင်းကမြူဆွယ်တာပါပဲ၊
အမြီးကျက် အမြီးစားသုံးပါ၊
ဒုက္ခထဲမှာ အရသာရှိတာ ကဗျာဆရာပဲရှိရဲ့ 
သေရင် ကိုယ့်နောက်ပါမှာ ကဗျာပဲရှိတယ်၊
အပန်းမကြီးရင် သတိပေးပါ၊
မနက်ဖြန် သာသနာကွယ်ကြောင်း(၅)ပါးမှာ
နောက်တစ်မျိုး ဖြည့်ကြည့်ဖို့ အတွက်။ ။

9.18.2010

မြန်မြန်ကျော်လိုက်၊ဒီကိစ္စအရေးကြီးတယ်

မည်သူ့ ကိုမှ ဂရုမစိုက်ခြင်းသည် မည်သူ့ ကိုထိခိုက်နိုင်ပါသနည်း၊
အဖေက ညာလက်မှာ ဆေးပေါ့လိပ် ဘယ်လက်မှာ လေဒီဂါဂါးကိုကိုင်ဆွဲ
လကလည်း ပြည့်လို့ ကိုမပြီးနိုင်သေးဘူး၊
အေးဘုံကတော့ ခန်းစံ ဝန်ကြီးချုပ်ဖြစ်တဲ့ ကိစ္စနဲ့  ပတ်သက်ပြီး သူ့ အကြော်တွေ မကုန်မှာကြောက်နေရဲ့ 
မတတ်နိုင်ပါ၊ကျွန်တော် ကြိုးစားပန်းစား အပျင်းကြီးပါသည်၊
လက်ထဲမှာလည်း နာရီအကောင်းစားကြီးနဲ့ ၊ဟုတ်ကဲ့ ၊
Hi Tea ကိုကျေးဇူးမတင်ပါ၊ကိုယ်လက်ကောက်ဝတ်ကိုယ်သာ ကျေးဇူးတင်ပါသည်၊
ညကတော့ လိင်စိတ်မကုန်တာလွဲရင် ကျန်တာအေးဆေးပဲ၊
မှားယွင်းမှု၊ဒုက္ခ၊ဆုတောင်းစာ၊တိုးလျှိုးသံ၊
" ကိုယ်ဖြစ်ကိုယ်ခံ၊ ဘုရားသခင်က အချဉ်မဟုတ်ဘူး " စာတမ်း ကျွန်တော့်ကျောမှာ မိတ်ဖြစ်ဆွေဖြစ် ဝင်ရေးသွားနိုင်ပါသည်၊
" သွားလိုက်ပါဦးမယ် " ပြောခဲ့ရဲ့ သားနဲ့  ကျွန်တော် အိမ်ပြန်ခဲ့ပါသည်၊
အမေဂုဏ်ယူဖို့  ကျွန်တော်ရည်းစားရှစ်ယောက် ထားခဲ့ဖူးပါသည်၊
ကျွန်တော်ဂုဏ်ယူရန် ညီလေး ခဏခဏရန်ဖြစ်ပါသည်၊
အမြင်စောင်းခြင်းတွင် ပါးစပ်၊စကားလုံး၊မဲ့ ရွဲ့ မှု ထက် လက်သီး၊ခွေးခြေခုံ၊အုတ်နီခဲ ကအသုံးဝင်ကြောင်း၊
နစ်ဇမ် ဘုရင်ကြီးကို အားမကျ၍ ကာမေသုမိစ္ဆာစရဏကံကို အကျယ်အကျယ် မပြောလိုပါ၊
သတ္တဝါတိုင်း စစ်ကားကြိုက်သော်လည်း စစ်ဖြစ်သည်ကို မုန်းနိုင်ကြပါစေ၊အိမ်မှာရေစစ် မရှိတော့ပါ၊
ကျွန်တော်ချစ်သော ဦးမဲ့သည် " တာမဂျီး၊ဒွေးအုနုံ " ဟု မကြာခဏ ချစ်ဖွယ်သော စကားကိုဆိုတတ်သေး၏၊
ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်ပါသည်၊
ဘာဖြစ်ပါသလဲ၊ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်သောကြောင့် ဆေးလိပ်သောက်ပါသည်၊
ပြသနာကို ကျသလောက်ရှင်းနိုင်ပါက ကြိုက်သလောက်ဆဲနိုင်ပါသည်၊
ကျွန်တော် အနည်းငယ် ယဉ်ကျေးပြခဲ့(ပါ)သည်၊
အခုမှစ၍ လွှမ်းမိုးမှုကင်းကင်း ရိုင်းပါတော့မည်၊
ရိုင်းတော့မည်၊ရိုင်းမည်၊ရိုင်းပါမယ်၊ရိုင်းမယ်၊ရိုင်းမယ်ကွာ၊
ရကောက်ကို လုံးကြီးတင် တစ်ချောင်းငင် ' င ' သတ် ဝစ္စနှစ်လုံးပေါက်ခြင်းထက်
ခွေးမသား ဟု ပြောခြင်းက ပိုရိုင်းပါသည်၊
ခင်ဗျား လူမှုဆက်ဆံရေးထက် လိင်မှုဆက်ဆံရေးကို ပိုကြိုက်သည်ဟု ဝန်ခံပါ၊
မိန်းမလျာ၏ ရင်သားကို ကိုင်တွယ်ခဲ့သည့် လင်အန်းဇီကွမ် အမည်ရှိ တရုတ်အရာရှိ ရာထူးချခံရပါသည်၊
အစွန်းလွတ်ခြင်းသည် ကိစ္စတိုင်းမကောင်း၊အခြောက်ဖြစ်တတ်သည်၊
" အရမ်း " ဟူသော စကားလုံးသည် " စောက် " နဲ့ တွဲမှ ပိုလှလာလေသည်၊
ကာလနာအနုပညာအား ဆဲရေးချင်သော်လည်း ကာလတိုင်းနာကျင်နေသောကြောင့်
ကျွန်တော် အနုပညာကိုချစ်ပါသည်၊အနုပညာလုပ်(စား)ကြသူများကိုလည်းချစ်ပါသည်၊
ယနေ့ ခေတ်မော်ဒယ်များ လှပပါပေ၏၊
အထက်ပါ၊အောက်ပါ၊အရှေ့ ပါ၊အနောက်ပါ၊တောင်ပါ၊မြောက်ပါ၊
ပါချင်တာပါသည့် သေချင်းဆိုးပြသနာများအား ဘုရားရှင် မဖြေရှင်းခင် ဒီစာရွကို " ဗြိ " ကနဲ မြည်အောင်လှန်လိုက်ပါ၊
ပြောသာပြောရတယ်၊ အဲဒီ မသာမလေး အတွက်ဆို ကျွန်တော် ဖွယ်ဖွယ်ရာရာ ရူးသွပ်နေကျ။ ။

9.15.2010

ဒီမနက်ခုနစ်နာရီကိုးမိနစ်ဟာ ဟာသမဟုတ်ဘူး

ဒီမနက်ခုနစ်နာရီ ကိုးမိနစ်က
ဖြစ်ရပ်မှန်ကို နည်းနည်းကူးချထားတဲ့  အိပ်မက်ဖြစ်တယ်
နံရံက နာရီ ဒီထပ်မက အသံမြည်တယ်၊စက္ကန့် ကူးသံများ
ဒီထပ်မကဘူး။ မကရင် ဆိုင်းမတီးနဲ့ ၊ မတီးရင် မမြည်ဘူး။
မမြည်တဲ့  နာရီ၊ နံရံက စက္ကန့် ကူးသံ။
ကျွန်တော် နူးနူးညံ့ညံ့ အတ္တကြီးပါတယ်
ကျွန်တော် မိုက်မိုက်ရိုင်းရိုင်း အတ္တကြီးပါတယ်
ကျွန်တော် နည်းနည်းအတ္တကြီးပါတယ်
ကျွန်တော် အများကြီးအတ္တကြီးပါတယ်
အစရှိ နောက်နောင်.....နှလုံးခုန်သံများကို ဖြတ်ရိုက်သွားတဲ့  အဟုန်တစ်ခု
ကျွန်တော် အတ္တကြီးရကောင်းမှန်းသိသွားလို့  အတ္တကြီးပါတယ်။
အဂ္ဂါအလန်ပိုးနဲ့  ဗာဂျီးနီးယားတို့ စားခဲ့ တဲ့  ဒန့် ဒလွန်သီးတွေက
ကျွန်တော်စိုက်ခဲ့တာပေါ့။
" အလှပဆုံး အိပ်မက်ကလေးတွေ မင်းဆီမသယ်လာနိုင်တော့ဘူးကွယ် "
တကယ့်ကို တိုးတိုးတိတ်တိတ်တွေပဲ လူပြောများခဲ့။
စောစောကစောခဲ့ သလောက် ခုမစောတော့
မနက်ဖြန်ဆိုတာ အသတ်ဓာတ်ရဲ့  လက်ကျန်စာရင်းများ
တခါတလေ ကလေးတွေရယ်သလို ရယ်ဖူးခဲ့ ချင်ရဲ့ ၊
ဆလုံလူမျိုးတွေ အနီရောင်ကိုချစ်သလို ကျွန်တော် နွေဦးကို မုန်းတယ်။
စနေသားအတွက် ဗုဒ္ဓဟူးမနက်ယတြာက
ကော်ဖီတစ်ခွက်ကို စကားလုံးတွေ မထည့်ပဲ သောက်ရန်၊
အူစုံအသည်းစုံ တွေးမိတာက
" ဂစ်တာတီးတတ်တယ်....လက်ကွက်ပဲမနှိပ်တတ်တာ "
ဆိုတဲ့ စကား ဟာသမဟုတ်ဘူး...။ ။

9.12.2010

အနီရောင်ရှင်းတမ်း(၂)

မွေးမြူတိုင်းလည်းမရတာ ဒီစိတ်တစ်ခု
တစ်ခုထက်ပိုတဲ့ မွေးမြူလို့ မရတဲ့ စိတ်
အနုပညာမရှိတဲ့  ဘဝ အရနာတာပဲ
အကျနာတာပဲ
ခင်ဗျားပြုံးကြည့် ခင်ဗျားလည်းပါမယ်
ဟိုးမှာ ငှက်တစ်အုပ်ဖြတ်ပျံသွားကြ
ဒီဆေးလိပ်မကုန်သေးသ၍ ဒီမီးခိုးမကုန်သေးဘူး
ငါတို့ ဟာ အနုပညာရဲ့  မီးခိုးငွေ့ များ
ပိုရင်လျော့ လိုရင်ဖြည့် ကျွန်တော်တို့ အနုပညာ
ဒီအကြောပိုကိရိယာထဲက ထွက်လာတဲ့  နူးညံ့သိမ်မွေ့ ခြင်း
အနုပညာ
ဒါကိုစာလုံးပေါင်းမှန်ရင်
မှန်အောင်ပေါင်းတတ်ရင်
သိအောင်ခံစားတတ်ရင်
ကျုပ်အရေပြားတစ်လက်မပတ်လည် လှီးခွင့်ပေးမယ်
အားလုံးဟာ ဖိတ်တစ်ဝက်စင်တစ်ဝက်
အားလုံးဟာ ဖိတ်စင်
အားလုံးဟာ ဖိတ်ချင်ဖိတ် စင်ချင်စင်
ချစ်ရင်ပန်ကွဲ့  မချစ်ရင် မပန်နဲ့
အဲဒါဟာ ကိုယ့်အတွက်အဖြေ။ ။

9.05.2010

ဘာလုပ်နေတာလား နှင့် နောက်ဆက်တွဲအဖြေများ

နှစ်ဦးနှစ်ဖက်သဘောတူရင် ခင်ဗျားလက်တွေ စရွေ့ လို့ ရပြီ၊
ကောင်မလေးကို သီချင်းဆိုခိုင်းထားလိုက်လေ၊အဲဒီသီချင်းက
သွေးတစ်စက်စက်ကျတယ်၊ Love is Blind ၊ အချစ်မှာ မျက်စိမရှိဘူး
သွားမလုပ်နဲ့ ဗျ၊ အနောက်တိုင်းအချစ်နဲ့  ကျွန်တော်များ Love နည်းနည်းတော့ကွာမယ်
ဟိုတယ်ခ တစ်ယောက်တစ်ဝက်ရှင်းတဲ့ စနစ်မှာ
" ....................ခွမ်း................."
ပန်းအိုးလေးကျကွဲသွားပုံဟာ အကောင်းဆုံးပြက်လုံးပဲ။
ခေတ်ကိုက အမဲရွတ်တွေပဲ ဘာဘီကျူ လုပ်စားလို့ ရတော့တယ်။
တွေ့ လား....ပြောရင်းနဲ့  အဲဒီရောက်ရောက်သွားတာ။
ဂျပန်မ တစ်ယောက်ကပြောတယ်၊
"ရှင်တို့  စကားလုံးတွေက အဝိုင်းအဝိုင်းတွေချည်းပဲ "
ကျွန်တော်ပြန်ပြောလိုက်တယ်၊
"အဲဒီ အသုံးမကျတဲ့  အဝိုင်းတွေက ငါ့ရဲ့  သတ်သေမှုကို အချိန်ဆွဲနေကြတာ "
ဖြစ်တယ် ပျက်တယ်
ဖြစ်တယ် ပျက်တယ်
ဖျက်တယ် ပစ်တယ်
ဖျက်တယ် ပစ်တယ်
"အဲသည်နေရာကို ထိသွားပါတယ် ခင်ဗျာ " ပေါ့၊
အပေါက်ခပ်ကြီးကြီးနဲ့  လူတစ်ယောက်။
မှောက်ချင်တာမှောက်ဗျာ၊ ထမင်းအိုးတော့ မမှောက်ကြနဲ့ ၊
ကျွန်တော့်အဘွားက ကဗျာဆိုတာကို သိပ်နားမလည်သေးလို့ ၊
"ဘာရောဂါလည်းတော့မသိဘူးဒေါက်တာ"
"ကဗျာတစ်ပုဒ်ပြီးတိုင်း မောမောကျန်ခဲ့ တယ် "
"......ဘာဗျ..............
ငါးပါးသီလကို မနက်တစ်ခါ နေ့ လည်တစ်ခါ ညတစ်ခါ သောက်ရမယ်....ဟုတ်လား"
အဲဒီဆေးက ခားတယ်ဗျ.....။
ဒီလို စားဝတ်နေရေး မေဂျာခေတ်မှာ သေရင်ပါမှာတစ်ခုပဲရှိတယ်၊
အိမ်ကမိန်းမ နောက်ယောက်ျားနောက်။
ကဲပါ......
နောက်တစ်ရွက်မလှန်ခင် ဒါလေးလိုက်ဆိုကြည့်၊
"ပြုခြင်းကိုဖြစ်စေ၊ဖြစ်ခြင်းကိုဖြစ်စေ၊ရှိခြင်းကိုဖြစ်စေ ပြသောပုဒ်ကို တြိယာဟု ခေါ်သည်။"
သေချာတာက ဒီတစ်ပုဒ်လုံး တြိယာ လုံးဝမပါတာ
သတိမထားမိဘူးဟုတ်၊
အင်း........ဒါလည်းတစ်မျိုး.....။ ။

9.03.2010

သုညအောက် ဘယ်လောက်ဒီဂရီ

တစ်နဲ့ တစ်ပေါင်းရင် ဘယ်လောက်ရသလဲ ဆိုတာထက်
တစ်နဲ့ တစ် ဘာလို့ ပေါင်းသလဲ ဆိုတာထက်
ကျွန်တော် ပျောက်ဆုံးစေတဲ့  ကိစ္စတွေ ဆိုတာထက်
ကျွန်တော်ပြန်ရှာမိတဲ့  ကိစ္စတွေ ဆိုတာထက်
ငွေကြေးအရ ရှုံးနိမ့်ပါသည် ဆိုတာထက်
အနုပညာအရ မအောင်မြင်ခဲ့ ပါ ဆိုတာထက်
ခွေးတစ်ကောင် ကြောင်တစ်မြီး ဆိုတာထက်
ပုဇင်းရင်ကွဲအော်သံက လွဲရင် ဆိုတာထက်
ပွက်ပွက်ဆူနေတဲ့  အခန်းတစ်ခန်းဆိုတာထက်
အဖော်ဆောင်ထားစို့  ဆိုတာထက်
ပဋိသန္ဓေတားဆေး ဆိုတာထက်
"ဆရာကြီးပါကွာ" တို့  "တော်တော်ဖြစ်နေလား " တို့  ဆိုတာထက်
"ဖျာအရှည်ကြီး ခင်းပြီး " ဆိုတာထက်
ထုတ်ချင်းပေါက်အောင်စူးတဲ့  ကတိတရားဆိုတာထက်
မြွေမသေ တုတ်မကျိုး ဆိုတာထက်
ညာကွေ့ ပြီး ဘယ်ချိုးရင်ရောက်တယ် ဆိုတာထက်
အကျီချွတ်လိုက်လည်း သတ်ပုံတွေမှားနေသေးတယ် ဆိုတာထက်
ပင်ပန်းပုံ ပင်ပန်းနည်း ဘယ်နှစ်မျိုး ရှိတယ် ဆိုတာထက်
အဆိပ်ခတ်ထားတဲ့  စပွန်ဆာ ဆိုတာထက်
စာရွက်ပေါ်က ထွက်ပေါက်မရှိတဲ့  မျဉ်းသေတွေ ဆိုတာထက်
အပေါ်ဆုံးကနေ ရေတွက်ရင် ခြောက်ကြောင်းမြောက်မှာ
ဖြူးထားတဲ့  နှမ်းတွေ ခုထိ မကုန်နိုင်သေးဘူးလား။ ။