9.15.2010

ဒီမနက်ခုနစ်နာရီကိုးမိနစ်ဟာ ဟာသမဟုတ်ဘူး

ဒီမနက်ခုနစ်နာရီ ကိုးမိနစ်က
ဖြစ်ရပ်မှန်ကို နည်းနည်းကူးချထားတဲ့  အိပ်မက်ဖြစ်တယ်
နံရံက နာရီ ဒီထပ်မက အသံမြည်တယ်၊စက္ကန့် ကူးသံများ
ဒီထပ်မကဘူး။ မကရင် ဆိုင်းမတီးနဲ့ ၊ မတီးရင် မမြည်ဘူး။
မမြည်တဲ့  နာရီ၊ နံရံက စက္ကန့် ကူးသံ။
ကျွန်တော် နူးနူးညံ့ညံ့ အတ္တကြီးပါတယ်
ကျွန်တော် မိုက်မိုက်ရိုင်းရိုင်း အတ္တကြီးပါတယ်
ကျွန်တော် နည်းနည်းအတ္တကြီးပါတယ်
ကျွန်တော် အများကြီးအတ္တကြီးပါတယ်
အစရှိ နောက်နောင်.....နှလုံးခုန်သံများကို ဖြတ်ရိုက်သွားတဲ့  အဟုန်တစ်ခု
ကျွန်တော် အတ္တကြီးရကောင်းမှန်းသိသွားလို့  အတ္တကြီးပါတယ်။
အဂ္ဂါအလန်ပိုးနဲ့  ဗာဂျီးနီးယားတို့ စားခဲ့ တဲ့  ဒန့် ဒလွန်သီးတွေက
ကျွန်တော်စိုက်ခဲ့တာပေါ့။
" အလှပဆုံး အိပ်မက်ကလေးတွေ မင်းဆီမသယ်လာနိုင်တော့ဘူးကွယ် "
တကယ့်ကို တိုးတိုးတိတ်တိတ်တွေပဲ လူပြောများခဲ့။
စောစောကစောခဲ့ သလောက် ခုမစောတော့
မနက်ဖြန်ဆိုတာ အသတ်ဓာတ်ရဲ့  လက်ကျန်စာရင်းများ
တခါတလေ ကလေးတွေရယ်သလို ရယ်ဖူးခဲ့ ချင်ရဲ့ ၊
ဆလုံလူမျိုးတွေ အနီရောင်ကိုချစ်သလို ကျွန်တော် နွေဦးကို မုန်းတယ်။
စနေသားအတွက် ဗုဒ္ဓဟူးမနက်ယတြာက
ကော်ဖီတစ်ခွက်ကို စကားလုံးတွေ မထည့်ပဲ သောက်ရန်၊
အူစုံအသည်းစုံ တွေးမိတာက
" ဂစ်တာတီးတတ်တယ်....လက်ကွက်ပဲမနှိပ်တတ်တာ "
ဆိုတဲ့ စကား ဟာသမဟုတ်ဘူး...။ ။

No comments:

Post a Comment