9.12.2010

အနီရောင်ရှင်းတမ်း(၂)

မွေးမြူတိုင်းလည်းမရတာ ဒီစိတ်တစ်ခု
တစ်ခုထက်ပိုတဲ့ မွေးမြူလို့ မရတဲ့ စိတ်
အနုပညာမရှိတဲ့  ဘဝ အရနာတာပဲ
အကျနာတာပဲ
ခင်ဗျားပြုံးကြည့် ခင်ဗျားလည်းပါမယ်
ဟိုးမှာ ငှက်တစ်အုပ်ဖြတ်ပျံသွားကြ
ဒီဆေးလိပ်မကုန်သေးသ၍ ဒီမီးခိုးမကုန်သေးဘူး
ငါတို့ ဟာ အနုပညာရဲ့  မီးခိုးငွေ့ များ
ပိုရင်လျော့ လိုရင်ဖြည့် ကျွန်တော်တို့ အနုပညာ
ဒီအကြောပိုကိရိယာထဲက ထွက်လာတဲ့  နူးညံ့သိမ်မွေ့ ခြင်း
အနုပညာ
ဒါကိုစာလုံးပေါင်းမှန်ရင်
မှန်အောင်ပေါင်းတတ်ရင်
သိအောင်ခံစားတတ်ရင်
ကျုပ်အရေပြားတစ်လက်မပတ်လည် လှီးခွင့်ပေးမယ်
အားလုံးဟာ ဖိတ်တစ်ဝက်စင်တစ်ဝက်
အားလုံးဟာ ဖိတ်စင်
အားလုံးဟာ ဖိတ်ချင်ဖိတ် စင်ချင်စင်
ချစ်ရင်ပန်ကွဲ့  မချစ်ရင် မပန်နဲ့
အဲဒါဟာ ကိုယ့်အတွက်အဖြေ။ ။

No comments:

Post a Comment