9.20.2010

ကွက်လပ်ဖြည့်ပါ၊ စသည်စသည်ဖြင့်

ကာရန်ကြောင့် ရင်ဘတ်မှာ ကန်ရာအပြည့်နဲ့ လူသား
အလွမ်းတဲ့လား...တောက်တီးတောက်တဲ့
ကျက်သရေများ တုံးချင်တိုင်းကိုတုံးလို့ 
ဒီအပုံလေးက ၅၀ ဟိုဘက်က ၁၀၀
ပုံတွေပြောပြီး လေဟာနယ်တွေထဲသူခေါ်သွား
အဝါ၊အစိမ်း၊အနီ၊အပြာ၊ခရမ်း၊မဲနယ်၊လိမ္မော်
လိမ္မော်ခမျာ အသီးရော အရောင်ပါ တပြိုင်နက် သေဆုံး၊
ဇာတိရဲ့  နံပါတ်(၁၃)မှာ လေလွင့်လူ သီချင်းရှိမှန်းမသိခင်က ပိုခါးလို့ 
သပွတ်မလေးရေ....ငါ့ခံတပ်ကို သိမ်းပိုက်လှည့်ပါ
ငွေဝယ်ကျွန်တစ်ကောင်ရဲ့  ဝန်ဆောင်မှုမျိုးနဲ့  ပဲဖြစ်ဖြစ်၊
ငါ့ကိုယ်ငါ ချော့ပေါင်းနေရတဲ့ ရက်တွေ
ငါ့ကိုယ်ငါ ကြိုးရှည်ရှည် ပြန်လှန်းနေရတဲ့ နေ့ တွေ
ငါ့မနက်ခင်းရဲ့  ဝတ္တရားက အပျင်းကြောကို ထုံပေပေဆန့် ဖို့ ပဲ၊
မိုးခြိမ်းသံလား၊ဖားအော်သံလား...လိုရင်းကမြူဆွယ်တာပါပဲ၊
အမြီးကျက် အမြီးစားသုံးပါ၊
ဒုက္ခထဲမှာ အရသာရှိတာ ကဗျာဆရာပဲရှိရဲ့ 
သေရင် ကိုယ့်နောက်ပါမှာ ကဗျာပဲရှိတယ်၊
အပန်းမကြီးရင် သတိပေးပါ၊
မနက်ဖြန် သာသနာကွယ်ကြောင်း(၅)ပါးမှာ
နောက်တစ်မျိုး ဖြည့်ကြည့်ဖို့ အတွက်။ ။

No comments:

Post a Comment