8.29.2010

ရှာဖွေမိတဲ့ အကြောင်း

တစ်စဆွဲချမိတာနဲ့  တစ်ဘဝလုံးပြုတ်ကျတော့မတတ်
ပျောက်ဆုံးမှန်းမသိ ပျောက်ဆုံးသွား
ပြန်လှည့်မိခဲ့ပါရဲ့ ...
ပြန်တွေ့ ဖို့ မတွေ့ ဖို့  မသေချာ မရေရာ
ပြန်ရဖို့  မရဖို့  မသေချာ မရေရာ
ဒီကဗျာမှာ ကိုယ့်ပုံသဏ္ဍန်ကိုယ် ပြန်ရှာမိတယ်
တမာရွက် ခါးတယ်ဆိုပေမယ့်
ကျနေမှာ တမာရိပ်ချိုလိုချိုငြား ပြန်ရှာမိပါတယ်
ဟို ဟာသ လို
ယောကျာ်းတွေ ဘယ်နားက ဝင်ရင် ညာနားကထွက်မယ်
မိန်းမတွေ ဘယ်နားဝင်ဝင် ညာနားဝင်ဝင်
ပါးစပ်ကထွက်မယ်။
ဒီဥတုမှာ ဘယ်ကမှမဝင်ပဲ အန်အန်ချမိတယ်
ခဲရာခဲဆစ်သွေးများ မတိတ်ကြပေမယ့်
မောဟိုက်မှုများ ပြာနှမ်း......တော်တော်ပျော်ပါတယ်။
သေချာတာတစ်ခုက....
သေချာတာတစ်ခုကိုတွေးမိနေရ
ဒီကဗျာကို စဉ်းစားပြီးရေးတာလား...
ဒီကဗျာကို ရေးပြီးမှ စဉ်းစားတာလား......။ ။

ပျော်လာတဲ့ အချိန်ဆို ပြန်လာတဲ့ အချိန်

ညကျမှ ပြန်တွေ့တာပေါ့။ဆက်သွယ်မှုတွေဖြုတ်ချ၊
ကိုယ်တည်းစိတ်ဖြေခြင်းများ၊မရသေးဘူးလေ၊
ထပ်ရိုက်စမ်းပါ၊ခပ်ပြင်းပြင်းလေး၊ထိအောင်ရိုက်လေ၊ဟုတ်ပြီ။
ဟိုဖက်နည်းနည်းတိုး၊အဲသည်နေရာကို နာအောင်ရိုက်၊
အား....ရိုးတွင်းချဉ်ဆီများ ပျို့ တက်....
ဒီလိုစိတ္တဇများ ပြီးချိန်ဆို အရမ်းအိပ်လို့ ကောင်းတယ်
မောပန်းနွမ်းနွယ်၊
မဆီမဆိုင်..ဆီဆိုင်များ၊ ချိုလွန်းရင် မြိုချခံရမည့် သီအိုရီ
(ငါမိန်းမ ကိစ္စဆို ကံကောင်းနေကျ၊ငါဆိုနေ မိန်းမကိစ္စကျ ကံကောင်း)
မဟုတ်သေးဘူး...မေ...မဟုတ်သေးဘူး
ခင်ဗျားတွေ့ ကရာ မအိပ်သင့်ဘူးဗျ၊ ခုတော့ ခင်ဗျားဆို တိုင်းသိပြည်သိ...
တကယ်ဆို ကျင်းစိမ်တယ်ဆိုတာ လူကုံထံတွေ ချွေးစို့ ရုံ အပန်းဖြေနည်း၊
ခင်ဗျားပြုံးမယ်ဆို ပြုံးချင်စရာပါ
ငါဆိုတဲ့ ကောင်ကလည်း တစ်ယောက်ချင်းကို နင့်နင့်သည်းသည်း ကျိုးနွံနေကျ။ ။

8.25.2010

ထိမိခြင်း

နေက ကမ္ဘာ့ အတွင်းပိုင်းထိ အရေးတယူ ဝင်ပွင့်ပေးရ
မိုးမရွာပေမယ့် ထီးပိုဆောင်းဖြစ်ခဲ့
ဟိုဇာတ်လမ်းကိုပြောတာလား
ခင်ဗျားပြောသလောက်လည်း မငိုရပါဘူး.....
တိတိရိရိများ လက်ကျန်နည်းသော မျက်ရည်ခန်း...
ပန်းသီးတစ်လုံး တစ်ယောက်ထဲ ပိုင်စိုးပိုင်နင်း ကိုက်လိုတဲ့ 
ငယ်ဘဝရဲ့  မျှော်လင့်ချက်များ....
တိမ်တွေသာ ပြေးသွားတယ်....
ငါဟာ မျက်နှာကျက်နေ ကြိုးနဲ့ ဆွဲထားတဲ့  မီးလုံးပဲ ဖြစ်ချင်ခဲ့သူပါ။
တကယ်တော့ ကဗျာဆရာတွေ ဖွဲ့ တဲ့  လောကကို ပြန်ဖွင့်ရင်
စတော်ဘယ်ရီနဲ့  နွားနို့ ဆိုတာ ကျောထောက်နောက်ခံကောင်းမှ
စိတ်ချလက်ချ ရောမွှေလို့ ရတဲ့  ကစားစရာတစ်မျိုး။ ။

8.24.2010

ဗင်းဆင့်ရဲ့  နေကြာပန်းကို ဖိနပ်စီးပေးမိတုန်း ဒီကဗျာရတယ်

ပြောမိလိုပုံ ၊ ဒီလောက်ဝယ် မ အ နဲ့ လေ..။
ကိုယ့်ခန္ဓာ ကိုယ် ချော့ပောင်းနေရချိန် ငွေဆိပ်တက်တာကလွဲရင်
နှာသီးဖျားပူ နှာသီးဖျားအေးတာနဲ့  ကဗျာကလည်ချောင်းအထိပျို့ လာတယ်။
တနင့်တပိုး ထမ်းနေရပုံ။ ဒါကိုဒီလိုရေးရတယ်ကွဲ့ ၊ ဒါမှ လူကြိုက်တာ၊
ဆေးမင်ကြောင်ချစ်သော အရေပြားယဉ်ကျေးမှုကြီး ထွန်းကားပါစေ၊
ထပ်ပြောရင် လက်ရောမယ်နော်...။
အစာတစ်လုတ် တုတ်တစ်ချက်ခေတ်ကြီးမှာ ဒီကဗျာကိုပျော်လို့ ဝတ်ထားတာပါ၊
ကျောနောက်ကိုကျော်သွားပါ၊ကျွံကျဖို့ ကျိန်းသေတယ်။ ကျွန်တော်ရောက်နေပြီ။
ဆန်ကုန်ပြီးတာနဲ့  မြေပါဆက်လေးပေးရမယ့် ဝသီမှာ
ကဗျာကုန်မယ်နော် ကျွန်တော်များနှစ်လေးဆယ် မသေချာဘူး။ အဝါရောင်တွေ မျက်စိကျိန်းမယ့်အဝါတွေ
အဲဒီမှာ စတွေ့ တာနဲ့  ကသီ ဒါမှမဟုတ် က သီ တာလား။
ဒီမြို့ ကြီးပြကြီးထဲ ဘယ်နေရာမှန်းမသိတဲ့  ခေါင်မိုးပေါ်မှာ
ခိုတစ်ကောင် အသတ်ငင်နေတယ်။
ဒါနဲ့  .....
ဒီကဗျာဒီမှာ ဆုံးရင် ဘာဖြစ်နိုင်မလဲ။ ကြေတွေ ကွဲနေကြပုံ။
ရော်...မခက်လား................
ခင်ဗျားဖတ်လာတာပဲ ဒီရောက်နေပြီ......ယူနိုင်သလောက်ကတော့
ခင်ဗျားအတွက်ချည်းပေါ့....။ ။

8.21.2010

တစ်ခါနာတယ် ဆိုပေမယ့်လို့ 

တောင်ကြားက ကုလားတက်လို
စက်ပျက်နာရီလို
လွတ်မယ်ဆိုတဲ့  ရှေ့ နေလို
လာမယ်ဆိုတဲ့  ဖာစကားလို
နောက်ကျသစ်တောများ မနက်ဖြန်လို
ယုံကြည်မှုမှာ သွေးများကျဲတောက်
ရောက်တဲ့ နေရာက လိုက်ဆိုပေမယ့်
ရောက်တဲ့ နေရာက လိုက်ဆိုတော့ကာ
ရောက်တဲ့ နေရာက လိုက်ဆိုရင်
ရောက်တဲ့ နေရာက လိုက်ခဲ့ပါတယ်။
ဒီညမအိပ်လည်း မနက်ဖြန်ရောက်ပါတယ်။
ငါနာရီကြည့်တာ အချိန်မသိချင်လို့ ပါ။
အညွှန်းများ.....နောက်ကျောက ဓါးများ...
လမ်းပေါ်ကဆင်းချင်ရင် လမ်းပေါ်တက်ရမယ့်
ပြင်းပြမှုမှာ လက်ဖျံက ချွေးပေါက်များ ပိတ်ဆို့  ထစ်အ
ခဏလေးသွားခဲ့ပေမယ့်
အကြာကြီး ရောက်ခဲ့ရပါတယ်။
တခါတလေ ရူးချင်ပုံများ
တခါတလေ ကိုယ့်ဈာပနာ ကိုယ်ချချင်ပုံများ
တခါတလေ ရယ်...ရ......တယ်။
အပေါ် တခါတလေနဲ့  အောက်တခါတလေ က လွဲရင်
တခါတလေ ငါ့ကို
ပိုပြီး ပိုပြီး ပိုပြီး ပိုပြီး ပိုပြီး ပိုပြီး ပိုပြီး
ပိုပြီး ပိုပြီး ပိုပြီး ပိုပြီး ပိုပြီး ပိုပြီး ပိုပြီး
ပိုပြီး ပိုပြီး ပိုပြီး ပိုပြီး ပိုပြီး ပိုပြီး ပိုပြီး
ရူးအောင်လုပ်တဲ့ 
အမေ့ကို
မုန်း....................

                           ချင်...........................
                                                            တယ်.......။ ။

8.18.2010

ခဏခဏကောက်ရရင် ခဏခဏထွက်ကျ

လွန်တွေပေါ် လူတွေ လိုသလို
ထည့်ထည့် ဆွဲ။
ကြမ်းကျွံ နှုတ်လို့ ရပေမယ့်
လူလွန်သမျှတော့
လူလွန်မသားလေး မျက်နှာငယ်...။
ပင်လယ်တိုင်းမှာ ရေငန်ပေမယ့်
ရေငန်တိုင်း ပင်လယ်မဆင်းဘူး။
" စောစောစီးစီး အရည်တွေကျပြန်ပြီလား
ဒါမကုန်ရင် ပြန်မလာနဲ့ "
ခေါင်းမရှိတဲ့  နှစ်၂၀ကျော် လမ်းညွှန်မြှားတွေ အတွက်
အဖာအထေးနဲ့  ပုခက်တွေ ငန်ပေးနေရ။
ခေတ်ကိုက ကန်စွန်းရွက်တစ်စီးဝယ်ရင် ဖုန်းလက်ဆောင်ပေးတော့မယ့်အနံ့ 
ရ......နေ......တယ်.........။
" လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ
အမွေးသပ် ခံထားရသော ဘူးသီး ဖြစ်နေပါသဖြင့် "
နောက်ဆုံးပေါ် ငွေကြေးစနစ်များ
ဟောသလို..ဟောသလို......
မိတ္တူဆိုင်ရှေ့ က လူလွန်မသားလေး ဖြတ်လျှောက်သွား....။
တော်သေးတယ် ပြန်လာသေးလို့ 
တော်လာတယ် ပြန်သေးလို့ 
ပြန်လာတယ် တော်သေးလို့
တော်ပြန်တယ် လာသေးလို့ 
ပြန်သေးတယ် တော်လာလို့ 
ဒါမှမဟုတ်....
မိခင်က ခေတ်ကို ပုခက်ထဲ ထည့်ထည့်လွှဲ
ဆောင့်ကြီးအောင့်ကြီး....။ ။

8.17.2010

နေရေးထိုင်ရေး ကိစ္စ

ဒါတွေပြောရင် ဒေါတွေပါမယ်။
သံကြိုးနဲ့  ဆွဲ ဆွဲ တင်ထားတဲ့
အံဆွဲထဲမှ နေထိုင်မှုများ
အများသုံးလေကို ရှူရတဲ့ အခါတိုင်း
ကျွန်တော်၏ သားဖြစ်သူ မောင်နေမြဲ
နေမကောင်းပါသဖြင့်....
စသည်....စသည်ဖြင့်...
အုပ်ထိန်းချင်ဟန်ဆောင်ပေးသူ မိတ်ဆွေ အပေါင်းအပါများ
စသည်....စသည်ဖြင့်...
ငယ်ငယ်ကဆို
အိမ်ပြန်နောက်ကျတိုင်း
အဖေက ဘောလုံးပွဲကြည့်ချင်ဟန်ဆောင်ပေးတယ်။
သော့အတုတွေ ရေပန်းစားမှုမှာ ဖျားနာ......
ထိလွယ်ရှလွယ် လောကဓံ နဲ့  ဒူးတင်ပေါင်တင်နေထိုင်ခြင်းမှာ
မနိုင်လို့  နှစ်ခါခွဲသယ်မိ....
ဒါကိုလီ....ဒီကိုလာ....
ဒါမျိုးကြီးတွေ ရောင်းနေတာ...
ဒါပဲဗျာ...
သူမ ပြောသလို ဟိုမိန်းမကြီးဆီလည်း
ဘုရားစူး....မသွားခဲ့ဖူးပါ...
ဒါမျိုးမကြောက်လို့  ရွာရိုးလျှောက်တယ် ဆိုပေမယ့်
အိပ်မက်က အိပ်မက်ကို အဓမ္မကျင့်တဲ့  ညတွေတိုင်း
လော်ဂရစ်သမ်ကြီး
ကျ.....ကျ.......ကွဲ....။ ။

ဖြစ်ချင်တာကို သီချင်းလုပ်ဆိုတဲ့ အခါမှ ဘဝနာတယ်

သွေးကြောမှာ နံပတ်ဆယ့်နှစ်
ခေါင်းကို ဘယ်စောင်း
ညာလက်မနဲ့ လက်ညှိုး မီးထွက်တော့မယ်
သူ့ ရဲ့  ဘယ်ခြမ်း
ငါ့ရဲ့  ညာခြမ်း
သုံးလုံးက ဘဝကို တန်းရောပဲ။
သေချာမှာကြောက်ရင် အပေါ်က
သတ်မှတ်ချက်ကို ကြည့်ရန်....
ဒီနေရာမှာ.....ငါရပ်နေတယ်
ဆက်သွားလို့ မရ...
ပြန်....ပြန်...ထွက်ကျတယ်...။
ငါ..သွားရန်ဆဲဆဲ
ပြန်လှည့်မိတယ်။
အရှက်ကို ဖြောင့်ချက်ကြားမှာ ဝှက်ပြီး
သီချင်းတစ်ပုဒ်နဲ့  အိမ်ပြန်တယ်။
တကယ်တော့....
သေခြင်းတရားဆိုတာ
ဆယ့်နှစ်ကို ဘေးသုံးတန်းသလောက်ပဲ ရှိပါတယ်ကွာ....။ ။

အသံနဲ့ ရေးတဲ့ ကဗျာ

ဝေးသွားတဲ့ အခါ
နှလုံးသားကျမ်းစာအတွက်
နာရီပေါ်က မျက်ရည်စက်များ
ချစ်တိုင်းလည်း မညားခဲ့ ကြ.....။
ဟော...ဟိုးမှာ
သူပန်ထားတဲ့  ပန်းနီနီရယ်
ဒုက္ခကိုဆေးဆိုးထားသူအဖို့ 
မရိုးသားတော့ဘူး.....
အ....ထီး....ကျန်.....တယ်...။
ခင်ဗျားချစ်တဲ့  ဗင်းဆင့်နဲ့ 
ချိန်းထားမိသေးလား။
သို့ ....နတ်မိမယ်
အနမ်းတစ်ခုအတွက် လွမ်းသူ့ အိပ်မက်....
ရက်စက်လိုက်တာ
မျက်ရည်ဝဲရုံ မျှော်လင့်ချက်သာ မထားခဲ့ ရင်
အမေ့ ရဲ့  ဒုက္ခအိုးလေး ခင်ဗျား
အိမ်ပြန်ချင်မယ်....။
မနက်ခင်းပွင့်တဲ့  ပန်းလေးထက် ပိုမွှေးမယ့်
မိကွန်ထောလေး အပျိုဖြစ်ရော့မယ်
ခင်ဗျားဟာ နာရီရဲ့ သီချင်း.....
ညီလေးရေ....လို့ ခင်ဗျားခေါ်သံတွေ
ဂျပ်ဆင်ထိပ်မှာ လသာနေသလို
ခင်ဗျားသိတဲ့  အဓိပတိလမ်းက အရင်လိုမဟုတ်တော့ဘူးလေ။
နွေဦးကံ့ကော်ရေ.....
အို.....တစ်ဆောင်းသစ်ပြန်ပြီ။
အခါလွန်တဲ့  မိုးမို့  အငြိုးနဲ့  ရွာပါရစေတော့လား
အားလုံးထက် နွေးထွေးလုံခြုံတဲ့  နေရာဟာ
အမေ့ အိမ်ပဲလို့  သိလိုက်ရတဲ့  အချိန်ကျတော့
ခင်ဗျားဝတ်ဖို့ ရှက်ခဲ့ တဲ့  အဖြူရောင်အကျီလေးက
ငဝန်မြစ်ကမ်းမှာ လွင့်လို့ .....။ ။

နေမြဲလစ်ဇင်

မလွယ်ဘူး...
တိုင်မှာချိတ်ထားရတယ်...
အရောင်တွေ...
မျက်စိကျိန်းတဲ့  အရောင်တွေ
စိတ်လိုလက်ရ..။
ကဗျာရေးသူများ...
ကဗျာဖတ်သူများ...
နေကြာပန်းများ...
နေကို မျက်နှာမူ ပွင့်နေကြပုံများ...။
အရောင်တွေ...
တိုင်မှာချိတ်ထားရမယ့်အရောင်တွေ..။
ကာရန်မပါသည့် ကဗျာ
အောက်တွင်ဖော်ပြထားသည်။
သင်ကောင်းလျှင် ကျွန်ုပ် မဆိုးပါ
အလို.....
သင့်ကြောင့် မီးမလောင်ပါစေနှင့်...
အလို
ညောင်သီးလည်းစား လေးသံလည်းနားစွင့်
အလို...
အစာမစားမီ လက်ကိုစင်ကြယ်စွာဆေးရန်
အလို...
အစာကိုညက်အောင်ဝါး၍ မြိုချပါ။
ပုထုဇဉ်လိုမေးပါသောကြောင့်
ပုထုဇဉ်လိုဖြေရန် လိုအပ်ပုံ......
ခင်ဗျားဆိုရင်
သူခိုးအတွက် မေတ္တာသုတ်ရွတ်မလား။
(ဒီနေရာတွင် ဝတ်ကျေတန်းကျေ ဟု သဘောထားရန်)
မဗေဒါရေ....
ကျွန်တော် ကဗျာတစ်ပုဒ်ရေးထားတယ်ဗျာ....။
ရှင်နော် ကိုနေမြဲ
ရှင်နော်ရှင်..........
ကဲကြည့်....
ခင်ဗျားပြုံးပြန်ပြီ။ ။

အိမ်ဖော်

ဝေဝါးနေတဲ့  အနာဂတ်ကို ကိုင်
ဧည့်ခန်းရှေ့ 
ထမီ တပတ်နွမ်းလေး
ဖြတ် ဖြတ် လျှောက်တိုင်း
ကိလေသာကြီးက
ဆေးလိပ်မီးကို
ဖိ.....ဖိ
သတ်တယ်။ ။

လောကကြီးကို သူမဟုတ်သလို

ဒီလိုပဲကွ....လောကကြီးဆိုတာ.....။

ရှေးဦးစွာရဲ့  နောက်နည်းနည်းကျတဲ့ နေရာမှာ
ဒီအကြောင်းအရာတွေဟာ
" စုံနံ့ သာမြိုင် ရဂုံတွင်းမှာလ
ထုံသင်းငယ်ကြိုင် " အတွက် ကဗျာမဖြစ်သေးကြောင်း.......
ကိုယ့်လိပ်ပြာကိုယ် မီးပူတိုက်နေခြင်းဖြစ်ကြောင်း.....
(စကားချပ်)
စတန့် ထွင်တယ် ဆိုချင်ဆိုပါစေ။
ဒါနဲ့ .....
ခင်ဗျားကြည့်ရတာ " ညအခါ " ဆိုတာနဲ့ 
နောက်ကနေ " လသာသာ " လိုက်အော်ချင်ပုံပဲ။
မုန်းပြီ။
လွတ်လပ်စွာ ကဗျာရေးဖို့ အတွက် ကြမ်းပြင်မှာ
ကိုယ်ဖော့ထားရတဲ့ ကိစ္စ ကြုံဖူးပြီလား။
လူတန်းစေ့ ကဗျာဖြစ်ရေး မရည်ရွယ်ပါ။
ဘောပင်ကို သေနတ်လိုကိုင် စာရွက်ကို အသက်အောင့်
ချိန်ထားတဲ့  နမိတ်ပုံ။
ဆရာချောကိုယ်က တောအရက်နံ့ 
ကျွန်တော့် ကိုယ်ပေါ် လာစွန်းထင်း
မွန်းတယ်။
အဟမ်း......
" ဂလိုဘယ်လိုက်ဇေးရှင်း "
သူများ " ဂလို " လို့ လိုက် " ဂလို " မယ်
အင်တာနက် သုံး၍ စွဲနေသူများ....
ကျွန်တော့်အကြောင်း သိချင်ရင် ဒီမှာ နှိပ်ပါ။
ခင်ဗျားတော်တော်နောက်တဲ့ လူ....
တကယ်သွားနှိပ်လို့ ရမလား။
စပ်စုချင်အောင် တမင်စည်းရုံးကြည့်တာ...
ဒီကဗျာမှာ ခင်ဗျားသားကောင်ဖြစ်သွားပြီ။
ပြုံးစိစိဖြစ်သွားတဲ့  ခင်ဗျားရဲ့  မျက်နှာကိုဖတ်ပြီး
ကဗျာအပေါ်ဆုံးက " လောကကြီး " ဟာ
ဗုဒ္ဓဟူးနံ နဲ့  စတင်တယ် ဆိုတာထက် မပိုကြောင်း
ဟိုသီချင်းလို လောကကြီးကို
ဘိုဆန်ဆန် နှုတ်ဆက်မယ်..
ကောင်းသောညပါ..........။ ။

စိုထိုင်းမှုနဲ့  ပါးတစ်ချပ်နဲ့  အေးအတူပူအမျှ

ပင်လယ်က တက်လာခါစ
အိုကီနာဝါ ရုပ် ထွက်နေတဲ့ ကောင်
ဟောလုဗ် လို ပင်လယ်ကိုမဆဲရဲလို့ 
ဘီကနီတွေပဲ ဖိဖိသောက်နေရ...
ပင်လယ်တဲ့.....
လှိုင်းတဲ့ ........
သောင်ပြင်တဲ့ .....
ဒါ ဘာဟုတ်သေးလို့ လဲ
မိုနိုပိုလီထဲက မြို့ 
ကွေ့ ကောက်ထွက်ခဲ့ ကြ
တက်လိုက်တဲ့ လေချဉ် ဆားနံ့ ရတယ်။
နေကာမျက်မှန် ခလုတ်မနှိပ်မိလို့ 
ဒီစစ်ဆင်ရေး မအောင်မြင်ခဲ့ 
အို...လှိုင်းစီးသူများ
ငါဟာ လူ
တစ်ခု
တစ်ကောင်
တစ်ယောက် ဖြစ်တယ်
ဒီသုံးမရတဲ့  နေထိုင်ခွင့်က
ဒီသုံးမရတဲ့  အလုပ်နဲ့ 
ဒီသုံးမရတဲ့ အူမ ဘယ်လိုတောင့်မလဲ။

အထက်ပါအကြောင်းအရာများဖတ်ပြီး
တစ်ယောက်သောသူ
နှစ်ယောက်သောသူ
သုံးယောက်သောသူ
လေးယောက်သောသူ
စိတ်မကောင်းဖြစ်နိုင်ဖွယ်ရှိ၏။

စိတ်ကစဥ့်ကလျားထဲက
ဒီ မြှားအောက်စိုက်ခြင်းဝါဒီတွေပဲ
ထွက်...ကျ......
ငါကပ်ရပ်နေတဲ့ ကြမ်းပြင် တော်တော်မြင့်တာပဲ။
ငါထွက်ကျပြမယ်....
ဘယ်လောက်ပေးမလဲ......
အခုဆက်နေတဲ့ ဖုန်းက သူများသိက္ခာနဲ့ ဝယ်ထားတာ....
အဲဒီ ( ကန်တော့ပါရဲ့ ဗျာ ) ဖုန်းက
မနက်ဖြန် ကမ္ဘာ့ အလုပ်လုပ်သူများစာရင်းမှာ
မင်းမပါဘူးတဲ့.....
ကဲ......
မနက်ဖြန် ဘယ်သောက်ခွက်နဲ့  ထမင်းစားမလဲ
ဘယ်သောက်ခွက်နဲ့ ရေသောက်မလဲ
ဘယ်သောက်ခွက်နဲ့  ရေခဲသေတ္တာဖွင့်ကြည့်မလဲ
ဘယ်သောက်ခွက်နဲ့  တကိုယ်ရေသန့် ရှင်းမလဲ
ဘယ်သောက်ခွက်နဲ့ ......
တောင်းပန်ပါတယ်ဗျာ
ဆက်ရေးလို့ မရတော့လို့ ပါ။
ပျားရည်တုတွေ အန်အန် ချတဲ့ 
လူစဉ်မမှီတဲ့ ကောင်ကြီး
ကျုပ်တက် က ချင်လွန်းလို့ 
ခင်ဗျား စင်းစင်းကြီး လဲသေပေးမလား။
ကျုပ်နားမလည်တာတွေ မပြောစမ်းနဲ့ ။
ဒီနှစ်ရဲ့  နေထိုင်မှုများမှာ တိုက်ပိတ်ခံရတာတွေ
များ..........
               လွန်း.............
                                   လို့ .........။              ။

ကျွန်တော်ဒုက္ခသည်ဖြစ်တယ်

မနက်ကငလျင်လှုပ်တယ်..
အိပ်ချင်မူးတူး
နေပါစေ
သူလည်းသေရင် ကိုယ့်နောက်မပါဘူး။
ဆက်အိပ်လိုက်မိလို့ 
ကျွန်တော်ဒုက္ခသည်ဖြစ်တယ်။
ဆောရီးအစ်ကိုရာ..
ခင်ဗျားကို မရည်ရွယ်ဘူး....
ကမ္ဘာ့ ဖလား အကောင်းဆုံးဆုရှင်က
ဖော်လန် မဟုတ်ဘူးဗျ...
ရှာကီရာ ပါ။
waka waka ကိုကြည့်ပြီး
ကိုယ့်ဒုက္ခကိုယ် ခဏခဏရှာ
ဒူးဆစ်တွေ နဖူးကချွေးကိုကြည့်
ပြုံးပြလို့ 
ကျွန်တော် ဒုက္ခသည်ဖြစ်တယ်။
ဟိုက်.....ဟိုက်...
ဟိုက်......ပါများတော့ ဘယ်နေ့ ဆေးပေါင်းခ လည်းမသိ
ဒီနေ့  နဂါးခေါင်း ဘယ်ဘက်လှည့်ပါလိမ့်။
ကျွန်တော် ဒုက္ခသည်ဖြစ်တယ်။
ပန်းလိုချင်တာတွေ အပင်ပျိုးတာတွေ
လာမပြောနဲ့ ဗျာ
ကျွန်တော် ခေါင်ထိတာပဲ
အကုန်စားမှာပေါ့။
ပလိုင်းထဲက ဖား
အဖြူစပ်လို့ 
ကျွန်တော်ဒုက္ခသည်ဖြစ်တယ်။
ဒီလိမ်နည်းကို ဘယ်သူခြုံရှင်းသွားပါသလဲ
ကျွန်တော်ဟာ
တစ်နေ့  ဆေးလိပ်တစ်ဗူးကုန်အောင်သောက်နိုင်တဲ့
ဒုက္ခသည် ဖြစ်ပါတယ်။
ဒီနှစ်ရဲ့  သင်ခန်းစာမှာ...
အရေပြားကို ပိုတန်ဖိုးမြှင့်ချင်တယ်
ဆင်ဖိုးထက် ချွန်းဖိုးကြီးမယ့်
အိတ်တစ်လုံးကိုင်ချင်တယ်။
အမေ့ ကို ဆိုင်ကယ်စီး သင်ပေးချင်တယ်။
ကိုယ့်အိမ် ကိုယ့်ယာ ကိုယ့်အခန်းမှာ
ပီကာဆို ပန်းချီကား ချိတ်ထားချင်တယ်။
Air.com ကိုနှစ်လလောက် မပိတ်ပဲ ဖွင့်ထားချင်တယ်။
ထန်းရေလည်းမမူးဘူး
ကျွဲခိုးလည်း မပေါ်ဘူး..
အနည်းဆုံးတော့
၂၀၁၈ ကမ္ဘာ့ ဖလားပြီးတဲ့ အထိ
ကျွန်တော် ဒုက္ခသည်ဖြစ်တယ်။ ။

ဆက်စပ်ကြည့်ခြင်းကဗျာ

ဒီကိစ္စ္စဟာ
အရေးကြီးနိုင်သလို
ဖာသိဖာသာ တယောသံရဲ့ 
ဆွေးမြေ့နေတဲ့ တေးသွားကြောင်
ဒါဟာ မတက်နိုင်တဲ့  ထင်းရှူးတစ်ပင်
စံပယ်ပန်းကိုချစ်တယ်
လဝန်းလေးကိုချစ်တယ်
ခွေးသေကောင်ပုတ်ကတော့
သူ့ စရိတ်နဲ့ သူ...
ဆောင်းဦးက မလှရတဲ့ ကြား
ပါးစပ်ပျက်ကြီးနဲ့ 
ပန်းတွေ ချွေချွေချတယ်မထင်စေလို....
ဒါဟာ
အိပ်ယာနိုးတိုင်း
တမြို့ လုံး စားပြီးသားပန်းကန်တွေ
ထ..ထ ဆေးနေတဲ့ 
ကုတင်ပေါ်က လူနာတစ်ယောက်ရဲ့ 
ဒီ့ထက်ပိုချင်တဲ့
ဖြစ်နိုင်ခြေ။ ။

အနီရောင် ရှင်းတမ်း

စနိုးစနောင့် တိမ်ပြာအနှံ့ 
မျက်နှာများတဲ့  နေ့ လည်တချို့ 
အငွေ့ ပြန်လွယ်လွန်းတယ်...။
မရှိခိုးနိုး ဆိုချင်ဆို
မလှစုန်းမျိုး ပြောချင်ပြော
စွပ်စွဲခံရတဲ့  စုန်းတစ်ကောင်ရဲ့ ရင်ခွင်
ခင်ဗျားဝင်ဖျားပေးဖူးလား။
ခွေးတစ်ကောင်ဟာ
အစာကျွေးတဲ့လက်ကို
ဘယ်တော့မှမကိုက်တတ်သလိုမျိုး....
မိန်းမတစ်ယောက်ဟာ
သူ့ ကိုရိုက်တဲ့ လက်ကို
ပြန်နမ်းတတ်သလိုမျိုး....
ညနေဟာ
ခွေးတစ်ကောင်နဲ့ မိန်းမတစ်ယောက်ကို
တရွတ်တိုက်ဆွဲခေါ်သွားရင်......
ရှယ်လီရဲ့  ပရောမိသယပ်စ်
လှိုင်ထိပ်ခေါင်တင်ထက် ၁၇ နှစ်ကြီးတာမသိရင်
ဒီကဗျာကို
ဒီထပ်ပိုရှင်းပြစရာ အကြောင်းမရှိ....
နာဂိုယာရဲတိုက် သူရဲခို ပေါ်မှာ
စာတမ်းချိတ်ခဲ့ ....
ဘာတဲ့ ......
ပပ ထူမှ ထမယ်.....။ ။