8.18.2010

ခဏခဏကောက်ရရင် ခဏခဏထွက်ကျ

လွန်တွေပေါ် လူတွေ လိုသလို
ထည့်ထည့် ဆွဲ။
ကြမ်းကျွံ နှုတ်လို့ ရပေမယ့်
လူလွန်သမျှတော့
လူလွန်မသားလေး မျက်နှာငယ်...။
ပင်လယ်တိုင်းမှာ ရေငန်ပေမယ့်
ရေငန်တိုင်း ပင်လယ်မဆင်းဘူး။
" စောစောစီးစီး အရည်တွေကျပြန်ပြီလား
ဒါမကုန်ရင် ပြန်မလာနဲ့ "
ခေါင်းမရှိတဲ့  နှစ်၂၀ကျော် လမ်းညွှန်မြှားတွေ အတွက်
အဖာအထေးနဲ့  ပုခက်တွေ ငန်ပေးနေရ။
ခေတ်ကိုက ကန်စွန်းရွက်တစ်စီးဝယ်ရင် ဖုန်းလက်ဆောင်ပေးတော့မယ့်အနံ့ 
ရ......နေ......တယ်.........။
" လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ
အမွေးသပ် ခံထားရသော ဘူးသီး ဖြစ်နေပါသဖြင့် "
နောက်ဆုံးပေါ် ငွေကြေးစနစ်များ
ဟောသလို..ဟောသလို......
မိတ္တူဆိုင်ရှေ့ က လူလွန်မသားလေး ဖြတ်လျှောက်သွား....။
တော်သေးတယ် ပြန်လာသေးလို့ 
တော်လာတယ် ပြန်သေးလို့ 
ပြန်လာတယ် တော်သေးလို့
တော်ပြန်တယ် လာသေးလို့ 
ပြန်သေးတယ် တော်လာလို့ 
ဒါမှမဟုတ်....
မိခင်က ခေတ်ကို ပုခက်ထဲ ထည့်ထည့်လွှဲ
ဆောင့်ကြီးအောင့်ကြီး....။ ။

1 comment:

  1. ဒီကဗျာလေးကို ခံစားမိတယ်။ ကြိုက်တယ်ဗျ..။

    ReplyDelete