8.17.2010

အနီရောင် ရှင်းတမ်း

စနိုးစနောင့် တိမ်ပြာအနှံ့ 
မျက်နှာများတဲ့  နေ့ လည်တချို့ 
အငွေ့ ပြန်လွယ်လွန်းတယ်...။
မရှိခိုးနိုး ဆိုချင်ဆို
မလှစုန်းမျိုး ပြောချင်ပြော
စွပ်စွဲခံရတဲ့  စုန်းတစ်ကောင်ရဲ့ ရင်ခွင်
ခင်ဗျားဝင်ဖျားပေးဖူးလား။
ခွေးတစ်ကောင်ဟာ
အစာကျွေးတဲ့လက်ကို
ဘယ်တော့မှမကိုက်တတ်သလိုမျိုး....
မိန်းမတစ်ယောက်ဟာ
သူ့ ကိုရိုက်တဲ့ လက်ကို
ပြန်နမ်းတတ်သလိုမျိုး....
ညနေဟာ
ခွေးတစ်ကောင်နဲ့ မိန်းမတစ်ယောက်ကို
တရွတ်တိုက်ဆွဲခေါ်သွားရင်......
ရှယ်လီရဲ့  ပရောမိသယပ်စ်
လှိုင်ထိပ်ခေါင်တင်ထက် ၁၇ နှစ်ကြီးတာမသိရင်
ဒီကဗျာကို
ဒီထပ်ပိုရှင်းပြစရာ အကြောင်းမရှိ....
နာဂိုယာရဲတိုက် သူရဲခို ပေါ်မှာ
စာတမ်းချိတ်ခဲ့ ....
ဘာတဲ့ ......
ပပ ထူမှ ထမယ်.....။ ။

No comments:

Post a Comment