8.25.2010

ထိမိခြင်း

နေက ကမ္ဘာ့ အတွင်းပိုင်းထိ အရေးတယူ ဝင်ပွင့်ပေးရ
မိုးမရွာပေမယ့် ထီးပိုဆောင်းဖြစ်ခဲ့
ဟိုဇာတ်လမ်းကိုပြောတာလား
ခင်ဗျားပြောသလောက်လည်း မငိုရပါဘူး.....
တိတိရိရိများ လက်ကျန်နည်းသော မျက်ရည်ခန်း...
ပန်းသီးတစ်လုံး တစ်ယောက်ထဲ ပိုင်စိုးပိုင်နင်း ကိုက်လိုတဲ့ 
ငယ်ဘဝရဲ့  မျှော်လင့်ချက်များ....
တိမ်တွေသာ ပြေးသွားတယ်....
ငါဟာ မျက်နှာကျက်နေ ကြိုးနဲ့ ဆွဲထားတဲ့  မီးလုံးပဲ ဖြစ်ချင်ခဲ့သူပါ။
တကယ်တော့ ကဗျာဆရာတွေ ဖွဲ့ တဲ့  လောကကို ပြန်ဖွင့်ရင်
စတော်ဘယ်ရီနဲ့  နွားနို့ ဆိုတာ ကျောထောက်နောက်ခံကောင်းမှ
စိတ်ချလက်ချ ရောမွှေလို့ ရတဲ့  ကစားစရာတစ်မျိုး။ ။

No comments:

Post a Comment