8.24.2010

ဗင်းဆင့်ရဲ့  နေကြာပန်းကို ဖိနပ်စီးပေးမိတုန်း ဒီကဗျာရတယ်

ပြောမိလိုပုံ ၊ ဒီလောက်ဝယ် မ အ နဲ့ လေ..။
ကိုယ့်ခန္ဓာ ကိုယ် ချော့ပောင်းနေရချိန် ငွေဆိပ်တက်တာကလွဲရင်
နှာသီးဖျားပူ နှာသီးဖျားအေးတာနဲ့  ကဗျာကလည်ချောင်းအထိပျို့ လာတယ်။
တနင့်တပိုး ထမ်းနေရပုံ။ ဒါကိုဒီလိုရေးရတယ်ကွဲ့ ၊ ဒါမှ လူကြိုက်တာ၊
ဆေးမင်ကြောင်ချစ်သော အရေပြားယဉ်ကျေးမှုကြီး ထွန်းကားပါစေ၊
ထပ်ပြောရင် လက်ရောမယ်နော်...။
အစာတစ်လုတ် တုတ်တစ်ချက်ခေတ်ကြီးမှာ ဒီကဗျာကိုပျော်လို့ ဝတ်ထားတာပါ၊
ကျောနောက်ကိုကျော်သွားပါ၊ကျွံကျဖို့ ကျိန်းသေတယ်။ ကျွန်တော်ရောက်နေပြီ။
ဆန်ကုန်ပြီးတာနဲ့  မြေပါဆက်လေးပေးရမယ့် ဝသီမှာ
ကဗျာကုန်မယ်နော် ကျွန်တော်များနှစ်လေးဆယ် မသေချာဘူး။ အဝါရောင်တွေ မျက်စိကျိန်းမယ့်အဝါတွေ
အဲဒီမှာ စတွေ့ တာနဲ့  ကသီ ဒါမှမဟုတ် က သီ တာလား။
ဒီမြို့ ကြီးပြကြီးထဲ ဘယ်နေရာမှန်းမသိတဲ့  ခေါင်မိုးပေါ်မှာ
ခိုတစ်ကောင် အသတ်ငင်နေတယ်။
ဒါနဲ့  .....
ဒီကဗျာဒီမှာ ဆုံးရင် ဘာဖြစ်နိုင်မလဲ။ ကြေတွေ ကွဲနေကြပုံ။
ရော်...မခက်လား................
ခင်ဗျားဖတ်လာတာပဲ ဒီရောက်နေပြီ......ယူနိုင်သလောက်ကတော့
ခင်ဗျားအတွက်ချည်းပေါ့....။ ။

No comments:

Post a Comment