8.29.2010

ရှာဖွေမိတဲ့ အကြောင်း

တစ်စဆွဲချမိတာနဲ့  တစ်ဘဝလုံးပြုတ်ကျတော့မတတ်
ပျောက်ဆုံးမှန်းမသိ ပျောက်ဆုံးသွား
ပြန်လှည့်မိခဲ့ပါရဲ့ ...
ပြန်တွေ့ ဖို့ မတွေ့ ဖို့  မသေချာ မရေရာ
ပြန်ရဖို့  မရဖို့  မသေချာ မရေရာ
ဒီကဗျာမှာ ကိုယ့်ပုံသဏ္ဍန်ကိုယ် ပြန်ရှာမိတယ်
တမာရွက် ခါးတယ်ဆိုပေမယ့်
ကျနေမှာ တမာရိပ်ချိုလိုချိုငြား ပြန်ရှာမိပါတယ်
ဟို ဟာသ လို
ယောကျာ်းတွေ ဘယ်နားက ဝင်ရင် ညာနားကထွက်မယ်
မိန်းမတွေ ဘယ်နားဝင်ဝင် ညာနားဝင်ဝင်
ပါးစပ်ကထွက်မယ်။
ဒီဥတုမှာ ဘယ်ကမှမဝင်ပဲ အန်အန်ချမိတယ်
ခဲရာခဲဆစ်သွေးများ မတိတ်ကြပေမယ့်
မောဟိုက်မှုများ ပြာနှမ်း......တော်တော်ပျော်ပါတယ်။
သေချာတာတစ်ခုက....
သေချာတာတစ်ခုကိုတွေးမိနေရ
ဒီကဗျာကို စဉ်းစားပြီးရေးတာလား...
ဒီကဗျာကို ရေးပြီးမှ စဉ်းစားတာလား......။ ။

No comments:

Post a Comment