9.03.2010

သုညအောက် ဘယ်လောက်ဒီဂရီ

တစ်နဲ့ တစ်ပေါင်းရင် ဘယ်လောက်ရသလဲ ဆိုတာထက်
တစ်နဲ့ တစ် ဘာလို့ ပေါင်းသလဲ ဆိုတာထက်
ကျွန်တော် ပျောက်ဆုံးစေတဲ့  ကိစ္စတွေ ဆိုတာထက်
ကျွန်တော်ပြန်ရှာမိတဲ့  ကိစ္စတွေ ဆိုတာထက်
ငွေကြေးအရ ရှုံးနိမ့်ပါသည် ဆိုတာထက်
အနုပညာအရ မအောင်မြင်ခဲ့ ပါ ဆိုတာထက်
ခွေးတစ်ကောင် ကြောင်တစ်မြီး ဆိုတာထက်
ပုဇင်းရင်ကွဲအော်သံက လွဲရင် ဆိုတာထက်
ပွက်ပွက်ဆူနေတဲ့  အခန်းတစ်ခန်းဆိုတာထက်
အဖော်ဆောင်ထားစို့  ဆိုတာထက်
ပဋိသန္ဓေတားဆေး ဆိုတာထက်
"ဆရာကြီးပါကွာ" တို့  "တော်တော်ဖြစ်နေလား " တို့  ဆိုတာထက်
"ဖျာအရှည်ကြီး ခင်းပြီး " ဆိုတာထက်
ထုတ်ချင်းပေါက်အောင်စူးတဲ့  ကတိတရားဆိုတာထက်
မြွေမသေ တုတ်မကျိုး ဆိုတာထက်
ညာကွေ့ ပြီး ဘယ်ချိုးရင်ရောက်တယ် ဆိုတာထက်
အကျီချွတ်လိုက်လည်း သတ်ပုံတွေမှားနေသေးတယ် ဆိုတာထက်
ပင်ပန်းပုံ ပင်ပန်းနည်း ဘယ်နှစ်မျိုး ရှိတယ် ဆိုတာထက်
အဆိပ်ခတ်ထားတဲ့  စပွန်ဆာ ဆိုတာထက်
စာရွက်ပေါ်က ထွက်ပေါက်မရှိတဲ့  မျဉ်းသေတွေ ဆိုတာထက်
အပေါ်ဆုံးကနေ ရေတွက်ရင် ခြောက်ကြောင်းမြောက်မှာ
ဖြူးထားတဲ့  နှမ်းတွေ ခုထိ မကုန်နိုင်သေးဘူးလား။ ။

No comments:

Post a Comment