8.17.2010

အသံနဲ့ ရေးတဲ့ ကဗျာ

ဝေးသွားတဲ့ အခါ
နှလုံးသားကျမ်းစာအတွက်
နာရီပေါ်က မျက်ရည်စက်များ
ချစ်တိုင်းလည်း မညားခဲ့ ကြ.....။
ဟော...ဟိုးမှာ
သူပန်ထားတဲ့  ပန်းနီနီရယ်
ဒုက္ခကိုဆေးဆိုးထားသူအဖို့ 
မရိုးသားတော့ဘူး.....
အ....ထီး....ကျန်.....တယ်...။
ခင်ဗျားချစ်တဲ့  ဗင်းဆင့်နဲ့ 
ချိန်းထားမိသေးလား။
သို့ ....နတ်မိမယ်
အနမ်းတစ်ခုအတွက် လွမ်းသူ့ အိပ်မက်....
ရက်စက်လိုက်တာ
မျက်ရည်ဝဲရုံ မျှော်လင့်ချက်သာ မထားခဲ့ ရင်
အမေ့ ရဲ့  ဒုက္ခအိုးလေး ခင်ဗျား
အိမ်ပြန်ချင်မယ်....။
မနက်ခင်းပွင့်တဲ့  ပန်းလေးထက် ပိုမွှေးမယ့်
မိကွန်ထောလေး အပျိုဖြစ်ရော့မယ်
ခင်ဗျားဟာ နာရီရဲ့ သီချင်း.....
ညီလေးရေ....လို့ ခင်ဗျားခေါ်သံတွေ
ဂျပ်ဆင်ထိပ်မှာ လသာနေသလို
ခင်ဗျားသိတဲ့  အဓိပတိလမ်းက အရင်လိုမဟုတ်တော့ဘူးလေ။
နွေဦးကံ့ကော်ရေ.....
အို.....တစ်ဆောင်းသစ်ပြန်ပြီ။
အခါလွန်တဲ့  မိုးမို့  အငြိုးနဲ့  ရွာပါရစေတော့လား
အားလုံးထက် နွေးထွေးလုံခြုံတဲ့  နေရာဟာ
အမေ့ အိမ်ပဲလို့  သိလိုက်ရတဲ့  အချိန်ကျတော့
ခင်ဗျားဝတ်ဖို့ ရှက်ခဲ့ တဲ့  အဖြူရောင်အကျီလေးက
ငဝန်မြစ်ကမ်းမှာ လွင့်လို့ .....။ ။

No comments:

Post a Comment