8.17.2010

ဖြစ်ချင်တာကို သီချင်းလုပ်ဆိုတဲ့ အခါမှ ဘဝနာတယ်

သွေးကြောမှာ နံပတ်ဆယ့်နှစ်
ခေါင်းကို ဘယ်စောင်း
ညာလက်မနဲ့ လက်ညှိုး မီးထွက်တော့မယ်
သူ့ ရဲ့  ဘယ်ခြမ်း
ငါ့ရဲ့  ညာခြမ်း
သုံးလုံးက ဘဝကို တန်းရောပဲ။
သေချာမှာကြောက်ရင် အပေါ်က
သတ်မှတ်ချက်ကို ကြည့်ရန်....
ဒီနေရာမှာ.....ငါရပ်နေတယ်
ဆက်သွားလို့ မရ...
ပြန်....ပြန်...ထွက်ကျတယ်...။
ငါ..သွားရန်ဆဲဆဲ
ပြန်လှည့်မိတယ်။
အရှက်ကို ဖြောင့်ချက်ကြားမှာ ဝှက်ပြီး
သီချင်းတစ်ပုဒ်နဲ့  အိမ်ပြန်တယ်။
တကယ်တော့....
သေခြင်းတရားဆိုတာ
ဆယ့်နှစ်ကို ဘေးသုံးတန်းသလောက်ပဲ ရှိပါတယ်ကွာ....။ ။

No comments:

Post a Comment