10.15.2010

သစ်ရွက်လည်းပွင့်တတ်သော

ဟုတ်ချင်လည်းဟုတ်မယ် ၊ ဟုတ်ချင်မှလည်းဟုတ်မယ်
ဘာကိုမှ အတည်ပြုချက်မပေးသေးဘူး
လွယ်ခဲ့သမျှ လွဲခဲ့ကြပါတယ် ၊ လွယ်ခဲ့သမျှ လွဲလိုက်ကြယုံ ၊
ကြောင်အသေပေါ် ကြွက်အသေ ပြုတ်ကျသလို ၊ ခုန်ချသလို၊ ခုံချသလို
လွဲမှုကိုက ပစ်မှတ်ကို ထိမိလှတဲ့  ကိန်းသေ၊
ဒီရပ်ကွက်လည်းသေနေဆဲ ၊ မြို့ ဟောင်းကြီးကို ထပ်မချဲ့ ကြပါနဲ့ 
မြို့ ဟောင်းကြီးခမျာမှာ ဘေးကြပ်နံကြပ် ၊
နံပြီး ကြပ်တဲ့  ဘတ်စ်ကားကြီးလို ကျုပ်တို့ မြို့ ဟောင်း၊
မြို့ ဟောင်းကြီး သွေးသစ်လောင်းလိုက်တော့ ၊ သင်္ချိုင်းကုန်းကြီး မြို့ လည်ကောင်ရောက်သပေါ့၊
စစ်စတီနိုင်းလည်း စစ်စတီ မနိုင်းနိုင်ရှာတော့ ၊ မီးပျက်တယ်ကွဲ့ ၊ ရေမလာဘူး
ဒီတော့ နံတာပေါ့ ၊ ဘေးကြပ်နံကြပ်
ခိုငြီးသံကလည်း သူမ ကြောက်တဲ့  vibration ပဲ ၊
vibration ကလည်း ခိုကြောက်တဲ့  သူမ ငြီးသံပဲ ၊
လက်ညှိုးလေးကွေးလိုက်ရင် ဘာဖြစ်သွားမယ်ထင်လဲ ၊
ကျန်တဲ့ လေးချောင်း ဖြောင့်သေးတာပေါ့ကွယ် ၊ ဒါများ တယုတယင် ၊တရေးတယူ ၊တယုတယ ၊
ကျုပ်ပြောနေတာတွေလည်း မရေရာဘူး၊ ကြောင်းရေကိုက်ကဗျာ ၊
၂၃ ၊ ၂၄ ၊ ၂၅ ၊ ၂၆ ၊ ၂၇ ၊ ၂၈ ၊ ၂၉ ၊ ၃၀ ၊ ၃၁ ..၊
ကျုပ်ပြာခွက်ထဲ အစီခံတွေ ပြည့်နေပြီ ၊ သွန်မနေနဲ့ တော့ ၊ သေရင် ဘယ်မှာမြှုပ်မှာလည်း သိစမ်းချင်လွန်းလို့  ၊
ခုဆို ဟုတ်ချင်လည်းဟုတ်မယ်ကနေ သေရင် ဘယ်မှာမြှုပ်မှာလည်း သိစမ်းချင်လွန်းလို့  အထိ ဘယ်နှကြောင်းရှိပြီလဲ
ရေပြီးရင်လည်း ဒီတစ်ပုဒ်လုံးက စာကြောင်းတွေ သေလို့ ကို မဝနိုင်တော့ဘူး ။ ။

No comments:

Post a Comment