10.04.2010

မိုးတိမ်ဟာ သစ်သီးလို မီးလို

ဒီရာသီရဲ့ ဓာတ်စာက စကားလုံးနဲ့ တင် တန်အောင်ပြုံးတတ်ဖို့ ပါပဲ။
လိုလိုလားလား အပျက်ခံခဲ့တဲ့  ပါရီရဲ့  အပျိုရည်...
ကျွန်တော်လောလောဆယ် အယုံအကြည်မဲ့ နေတဲ့  အနက်အဓိပ္ပာယ်ရဲ့ ဘာသာဘာဝ
တံငါနားနီး တံငါ မုဆိုးနားနီး မုဆိုး
မုဆိုးလသာ တံငါလမိုက် ၊ ဒါပေမယ့်
အတည်ပေါက်ကြီးပြောပါရစေဗျာ
ဆပ်ပြာကောင်းလို့  ခေါင်းပေါင်းဖြူတဲ့
ပုဆိုးတန်းတင် ကိစ္စတွေ...
သူမဟာ တစ်လတစ်ခါ ၁၄ရက်နေ့  တိုင်းပန်းမှန်မှန်ပွင့်သတဲ့လေ။
ဒီမှာ....ရီရာ...မင်းက ကိုင်းဆက်ခံထားရတဲ့ ပင်စည်ပဲ...
မင်းရဲ့ စောက်သုံးမကျတဲ့ အပြုံးက မာကျူရီနဲ့  ပွင့်တဲ့  ကုမုဒြာအတုကြီးပဲ..
စိတ်မကောင်းဘူးကွဲ့ ။ ပြောရင်းနဲ့ လိင်ကိစ္စဘက် ရွေ့ ရွေ့ သွားတော့။
* တရားနဲ့ တောင်
ဖြေလို့ မရခဲ့ဘူး....။
ငါ့ကို ...
ငရဲအကြီးကြီး ချပစ်ပါကွယ်။ *

ခင်ဗျားပိုက်ဆံတွေ မရှိတော့ဘူး
ကျုပ်
မုန့် ဝယ်စားလိုက်တာ
ဇီးထုတ်တို့
တုတ်ထိုးတို့ 
အမုန်း..အမုန်း....။
အဲသည် နှိတ်စိ လေးကိုပဲ ဖိဖိချချင်..........။
ကမ္ဘာပြားကြီးပေါ်က အရာရာ ဘယ်အရာမှ စိတ်ကြီးဝင်စရာမကောင်း
စောက်ရေးမပါ စောက်ရာမပေးပေါ့။
ခင်ဗျားတို့  အထင်ရှိလှတဲ့ ပါရီကောင်းကင်ဆိုတာလည်း
အီဖယ်သွားကြားထိုးတံကြီးနဲ့ ထိုးထိုးချခံနေရတဲ့
ပုတ်စော်နံနေတဲ့ ပါးစပ်ပျက်ကြီးပဲ။
လက်ခုပ်တီးပြီးရင် ထပါကတတ်တဲ့ အကျင့်ကလည်း
ဒီသီချင်းပြီးကတည်းက ရတာပါပဲ.....။ ။



*.......* = ဇာတိ ရဲ့  ကဗျာသူအတွက် ကဗျာသားသေဆုံးခြင်း မှ ဖောက်စားပါတယ်။

No comments:

Post a Comment